*အကောင်းဆုံးကိုမျှော်လင့်ထားပါ။ အဆိုးဆုံးကိုလည်းရင်ဆိုင်နိုင်အောင် ပြင်ဆင်ထားဖို့ မမေ့ပါနဲ့ ။*သင့်ဒေါသကို ဖြစ်ဖြစ်ချင်း သင်ထိန်းနိုင်လျှင် ၀မ်းနည်းရမည့်ရက်ပေါင်းများစွာကို သင်ရှောင်ကွင်းနိုင်ပေလိမ့်မည်။*လေအဟုန်မှာ အတောင်ပံလွင့်လို့  ပျံလိုက်စမ်းပါ။ အတောင်နှစ်ဖက်ရှိနေသရွေ့ ပျံရမှာဘဲ ငှက်တို့ ရဲ့တန်ခိုးက ကောင်းကင်ယံ၊ လူတွေရဲ့ တန်ခိုးက မီးပုံးပျံတဲ့ (ခုခေတ်လိုဆိုတော့ ဒုံးပျံပေါ့) ငှက်တွေဟာပျံရင်းသေကြရတယ်။ လူတွေကလည်း ကြံရင်းသေကြရမှာပါ။*လောကတွင်မည်သူမျှ ခြောက်ပြစ်ကင်းမဟုတ်။ မမှားသောရှေ့ နေ၊ မသေသောဆေးသမားဟူသည်လည်းမရှိ။ ငါသည်လည်း လူဖြစ်၍ အမှားအယွင်းနှင့် ကင်းလိမ့်မည်မဟုတ်။ သာမန်ချို့ ယွင်းမှု အနည်းငယ်မျှနှင့် ငါစိုးရိမ်မှုနှင့် သိမ်ငယ်မှု မဖြစ်ပေါ်သင့်။ ငါလုပ်ရမည့် အလုပ်ကိုဆက်လုပ်ရမည် တစ်နေ့ တွင် ငါအောင်မြင်မည်။*တောင်ပေါ်မှ တောင်အောက်သို့  စီးဆင်းလာသော စမ်းချောင်းသည် တောင်အောက်မှ တောင်ပေါ်သို့  ပြန်မတက်ပါ။ ထို့ အတူပင် အလုပ်လုပ်လျှင်လည်း "ဖြစ်ကိုဖြစ်ရမည်" ဟူသော ကြံ့ခိုင်လှသည့် စိတ်ဓါတ်နှင့်လုပ်ပါ။ "မဖြစ်လည်းနေပါစေ" ဟူသော ပျော့ညံ့သည့် စိတ်ဓါတ်ဆီသို့  ပြန်မသွားပါနှင့်။* သူများ ကိတ်မုန့် စားတာကိုအားမကျပါနဲ့ ။ ကိုယ် ဘိန်းမုန့် စားနိုင်တာကို ၀မ်းသာပါ။ ခြိုးခြံမှုဟာကိုယ်အတွက်ပါ။*လောကကြီးမှာ မကောင်းသောသူကို အသိမကျွမ်း မပြုအပ်။ ရောရောဝင်ဝင်လည်း မနေအပ်။ ထိုသူမျိုးသည် မီးသွေးနှင့်တူပြီး ပူသောအခါလက်ကိုလောင်စေ၍ အေးပြန်လျှင်လည်း လက်ကိုမည်းစေတတ်သည်။*လူဆိုတာ ကိုယ့်အယူအဆ အရိုးဆွဲပြီဆိုရင် ကိုယ့်ဖက်တစ်ဖက်ဘဲ ကြည့်တတ်ကြတယ်။ မိမိကိုယ်ကျိုးကိုသာ ကြည့်တတ်တဲ့ သူများဟာ မိမိရဲ့ လိုအင်ဆန္ဒကို ဖြည့်စွမ်းပေးသူကိုသာ စိတ်ကောင်း စေတနာကောင်းရှိသူလို့ သတ်မှတ်ကြတယ်။ မိမိရဲ့လိုအင်ဆန္ဒ မဖြည့်စွမ်းနိုင်တဲ့ သူများကိုတော့ စိတ်ယုတ်ညံ့သူလို့  သတ်မှတ်ကြတယ်။ တကယ်တော့ စိတ်သဘောထား ကောင်းမွန်ခြင်းဆိုတာ မှန်ကန်ရိုးသားတဲ့  ဆောင်ရွက်မှုပေါ်မှာဘဲ မူတည်ပါတယ်။
Post a Comment
'Enter your Email '
0 comments:
Post a Comment