လူတစ်ယောက်သည် ``ဘုရားဒကာဆိုတဲ့ နာမည်တစ်လုံးရရင်တော်ပါပြီ´´ ဟူသော စိတ်ဖြင့် ဘုရား တည်နေ၏။ အခြားလူတစ်ယောက်ကား ``သားလေးရှင်ပြုဖို့၊ လှူနိုင်တန်းနိုင်ဖို့´´ဟူသော စိတ်ဖြင့် စီးပွားရေး လုပ်ငန်းများကို ဇောက်ချပြီး ကြိုးစားပန်းစားလုပ်နေ၏။ ထိုနှစ်ယောက်တွင် ဘုရားတည်သောသူထက် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေသောသူက ပို၍မြင့်မြတ်၏။ အဘယ်ကြောင့်နည်း။ သူ၏ ရည်ရွယ်ချက်က မွန်မြတ်သောကြောင့်တည်း။
တခါက အလွန်ရင်းနှီးသော တံငါသည် သူငယ်ချင်းနှစ်ယောက်ရှိ၏။ တစ်ရက်လုပ်မှ တစ်ရက်စားရ သောကြောင့် ဥပုသ်နေ့မှာ ဥပုသ်စောင့်ချင်သော်လည်း ဥပုသ်မစောင့်နိုင်ကြ။ သို့နှင့် တစ်ယောက်တစ်လှည့်စီ ဥပုသ်စောင့်ဖို့ တိုင်ပင်ကြလေသည်။ လပြည့်နေ့ရောက်သောအခါ တစ်ယောက်က ကျောင်းသို့ သွားပြီး ဥပုသ်စောင့်၏။
ကျန်ရစ်သူ ကိုတံငါသည်ကတော့ နှစ်ယောက်စာရဖို့အတွက် လှေတစီးနဲ့ ချောင်းထဲမှာ ကြိုးစား ပန်းစားနှင့် ငါးများကို ဖမ်းရလေသည်။ ငါးများ နှစ်ယောက်စာရသောအခါ တံငါတဲထဲ၌ အနားယူရင်း ဥပုသ်စောင့်သွားသည့် သူငယ်ချင်းကို သတိရနေ၏။ ``အင်း ငါ့သူငယ်ချင်းကတော့ ဘုန်းကြီးထံကနေ သီလခံယူဆောက်တည် ပြီးရော့မယ်၊ အခုချိန်မှာ ဘုရားရိပ်မှာ နေပြီးတော့ ပုတီးစိပ်တရားထိုင်လုပ်နေရော့ပေါ့၊ အင်း ကုသိုလ်တွေ အများကြီး ရနေရော့မယ်၊ သိပ်အေးချမ်းမှာပဲ´´ဟု စဉ်းစားပြီး သာဓုခေါ်နေတော့၏။ လူက တံငါတဲ၌နေသော်လည်း စိတ်က ကျောင်းရောက်နေ၏။
ကျောင်းသွားပြီး ဥပုသ်စောင့်သော တံငါသည်ကလည်း ပုတီးကုံးကိုင်ပြီး ကျန်ရစ်သူ သူငယ်ချင်းကို သတိရနေမိ၏။ ``အခုချိန်မှာ ငါ့သူငယ်ချင်း ပိုက်ကွန်နှင့် ငါးတွေ ဖမ်းနေရော့မယ်၊ ဒီနေ့ ငါ့အတွက် ဝေစုပေး ရမှာဆိုတော့ နှစ်ယောက်စာ ဖမ်းရမှာ၊ ဖမ်းမှဖမ်းပါ့မလား၊ နှစ်ယောက်စာ မရရင်တော့ ဒုက္ခပဲ´´ဟု တွေးပြီး လောဘနှင့် သောကဖြစ်နေတော့၏။ လူက ကျောင်းမှာနေသော်လည်း စိတ်က ပိုက်ကွန်ထဲမှ မထွက်။
စိတ်ထားဖြူစင်အောင်နေထိုင်ခြင်းကို ``ဥပုသ်စောင့်သည်´´ဟုခေါ်၏။ ယင်းသို့ဆိုလျှင် ထိုတံငါသည် နှစ်ယောက်တွင် မည်သူက ဥပုသ်စောင့်သနည်း။ အဖြေကား လယ်ပြင်မှာ ဆင်သွားသလိုထင်ရှားလှပါသည်။ ``စိတ်သာရှင်စော ဘုရားဟော``ဆိုသည့်အတိုင်း အတွင်းစိတ်ဓာတ်က တင့်တယ်လျှင် အရာခပ်သိမ်း တင့် တယ်တော့သည်သာ။ ထို့ကြောင့် ဘုရားတည်တိုင်း ကုသိုလ်ရသည်ဟု ပြော၍ မရသကဲ့သို့ စီးပွားရေးလုပ်တိုင်း လည်း တရားနှင့်ဝေးသည်ဟု ပြော၍ မဖြစ်ပေ။
.....................................
သီတဂူ- အရှင်ဒေ၀ိန္ဒာဘိဝံသ(ashindevindabhivamsa@gmail.com)
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း
ဖြစ်သင့်တဲ့လောဘ
ကြီးပွားတိုးတက်ချင်သော ဆန္ဒဖြင့် စီးပွားရေးလုပ်ခြင်းကြောင့် လောဘဖြစ်သည်မှာ မှန်ပေ၏။ သို့သော် လောဘဖြစ်တိုင်း ဒုစရိုက်ဟု ပြောလို့မရပေ။ လောဘသည် ၂-မျိုးရှိပေသည်။ တရားသောလောဘနှင့် မတရား သော လောဘတို့တည်း။ အများအတွက် (မိသားစု၊ ရပ်ရွာ၊ အမျိုး၊ ဘာသာ၊ သာသနာအတွက်) ရည်ရွယ်ပြီး စီးပွားရေးလုပ်ငန်းများ လုပ်လျှင် ``တရားသောလောဘ´´ ဖြစ်၏။ (သေ၀ိတဗ္ဗတဏှာ-ဟုခေါ်၏)။ ဆိုလို သည်ကား ယင်းတရားသောလောဘကြောင့် ကုသိုလ်ကောင်းမှုများ တပွေ့တပိုက်ကြီး ရနိုင်ခြင်းပင်။ ထို့ကြောင့် တရားသောလောဘသည် ဖြစ်သင့်သောလောဘတည်း။
မိမိမှာ ပစ္စည်းဥစ္စာ များများရှိလျှင် စာသင်ကျောင်းပဲ ဆောက်ဆောက်၊ ရေတွင်းရေကန်ပဲ တူးတူး၊ မိဘဆွေမျိုးတွေကိုပဲ ထောက်ပံ့ထောက်ပံ့၊ ဆေးရုံကိုပဲလှူလှူ မိမိကြိုက်သည့်ကုသိုလ်ကို လုပ်နိုင်ပေသည်။ မိမိလုပ်ချင်သည့် ဘာသာရေး လူမှုရေးလုပ်ငန်းမှန်သမျှကိုလည်း လုပ်နိုင်၏။ အူမတောင့်မှ သီလ စောင့်နိုင် သည် မဟုတ်ပါလော။
ကျောင်းဒကာကြီး အနာထပိဏ် ကျောင်းအမကြီး ၀ိသာခါတို့ ကျောင်းတိုက်ကြီးဆောက်လုပ်ပြီး သာသနာပြုနိုင်ခြင်းသည် ဓနဥစ္စာကြွယ်ဝသောကြောင့်ပင်တည်း။ ဘုရင်မင်းမြတ်အနော်ရထာသည်သည် နိုင်ငံ တော်ကြီးကို ပြုပြင်ပြောင်းလဲခဲ့၏။ ဘုရားပုထိုးများတည်ခဲ့၏။ ဆည်မြောင်းတာတမံများကို ဆောက်လုပ်၏။ ရှေး အခေါ် ပိဋကတ်တိုက် ၊ ယခုခေတ်အခေါ် စာကြည့်တိုက်များကိုလည်း တည်ဆောက်ခဲ့၏။ ထို့ကြောင့် ``စာကြည့်တိုက်အစ ပိဋကတ်တိုက်က´´ဟုပင် ပြောနိုင်ပါ၏။ ယင်းသို့ တိုင်းကျိုးပြည်ပြုအလုပ်များကို လုပ်နိုင် ခြင်းသည် တန်ခိုးသြဇာ ကြီးမားသောကြောင့်ပင်တည်း။
ယင်းတန်ခိုးသြဇာ၊ ဓနဥစ္စာတို့သည်ကား တန်ဖိုးရှိရှိ အသုံးချတတ်လျှင် နိဗ္ဗာန်ဆိပ်ကူးတံတားပင် တည်း။ ဦးအနာထပိဏ်၊ ဒေါ်ဝိသာခါ၊ ဘုရင်အနော်ရထာတို့ကား တန်ခိုးသြဇာ၊ ဓနဥစ္စာတို့ဖြင့် နတ်ရွာ နိဗ္ဗာန်သို့ တက်လှမ်း သွားကြကုန်ပြီ။ ထို့ကြောင့် တန်ခိုးသြဇာ၊ ဓနဥစ္စာတို့ကို ရရှိအောင် ကြိုးစားသင့်လှပါသည်။ တတ်နိုင်သူများအနေဖြင့် တိုက် ၁-လုံးကနေ တိုက် ၁၀-လုံး ၁၅-လုံးဖြစ်အောင်၊ ကား ၁-စီးကနေ ကား ၁၀-စီး ၁၅-စီးပိုင်အောင် စီးပွားရေးလုပ်ကြစမ်းပါ။ မိမိတို့ ဗုဒ္ဓဘာသာဝင်တစ်ယောက် သန်းပေါင်းများစွာ ချမ်းသာသော သူဋ္ဌေးသူကြွယ်ဖြစ်နေလျှင် မြန်မာလူမျိုးတို့အနေဖြင့် အင်မတန် ဂုဏ်ယူသင့်ပေသည်။
မြွေပွေး၏ ပါးစပ်ထဲသို့ရောက်သွားသည့် မိုးရေစက်သည် အဆိပ်ဖြစ်သွားသော်လည်း မုတ်ကောင်၏ ပါးစပ်ထဲသို့ ရောက်သွားသော မိုးရေစက်သည်ကား ပုလဲဖြစ်သွားပေသည်။ မိုးရေစက်ခြင်းတူသော်လည်း တန်ဖိုးခြင်း မတူတော့။
လောကကြီးသည် ခြွေမှ ရံ၏။ မခြွေလျှင် မရံပေ။ မှန်၏။ တချို့ဆင်းရဲသောဗုဒ္ဓဘာသာဝင်များသည် ဘာသာခြားတို့က ဓနဥစ္စာများဖြင့် ထောက်ပံ့ကြသောကြောင့် ဗုဒ္ဓဘာသာကို ကျောခိုင်းသွားတော့သည်။ အဘယ်သို့ ကာကွယ်မည်နည်း။ တန်ခိုးသြဇာ၊ ဓနဥစ္စာတို့သာရှိလျှင် ယင်းမိသားစုများကို စားနပ်ရိက္ခာ တို့ဖြင့်ထောက်ပံ့ပြီး ဗုဒ္ဓဘာသာဝင်ထဲသို့ရောက်အောင် ပြန်ပြီးစည်းရုံးနိုင်ပေမည်။ ထို့ကြောင့် အရင်းအနှီး တောင့်တင်းသော ဗုဒ္ဓဘာသာဝင်တို့သည် စက်ရုံအလုပ်ရုံ၊ ကုန်တိုက်စသည်များကို တည်ထောင်နိုင်အောင် ကြိုးစားသင့်လှပေသည်။ ဓနဥစ္စာတို့ရှိမှသာလျှင် ကိုယ့်လူမျိုးများကို ထောက်ပံ့နိုင်မည်မဟုတ်ပါလော။
မတရားလောဘ
မတရားလောဘဆိုသည်မှာ အတင်းအဓမ္မလိုချင်သော စိတ်၊ သူများဆီက ငွေကို အချောင်လိုချင်သော စိတ်၊ လုယက်တိုက်ခိုက်ပြီး လိုချင်သောစိတ်များပင်တည်း။ ကမ္ဘာမှာ အစဆုံးဖြစ်သော မကောင်းမှုဒုစရိုက်မှာ အဒိန္နာဒါန ( ခိုးယူခြင်း)ပင် ဖြစ်၏။ မတရားလောဘကို အခြေခံ၍ဖြစ်သော ဒုစရိုက်တည်း။
ကမ္ဘာဦးလူများသည် စားနပ်ရိက္ခာအတွက် ကိုယ့်လယ်နှင့်ကိုယ် အသီးသီး စပါးစိုက်ပျိုးကြ၏။ အစပိုင်း မှာ မည်သည့်ပြဿနာမှ မဖြစ်။ နောက်ပိုင်းရောက်လာသည့်အခါ အချောင်သမားများက စပါးများကို ခိုးကြ တော့၏။ ယင်းလောဘကား မတရားလောဘတည်း။ သို့နှင့် လူအများသည် သမာသမတ်ကျသော လူ တစ်ယောက်ကို ခေါင်းဆောင်ခန့်ပြီး ``မင်း´´ဟု သမုတ်ကာ ရပ်ရွာနယ်ပယ်ကို ငြိမ်းချမ်းဖို့အတွက် အုပ်ချုပ် ခိုင်း၏။ သူခိုးဓားပြများကို တိုက်ခိုက်ချေမှုန်းဖို့အတွက် (သို့မဟုတ်) မတရားလောဘသမားများကို ထိန်းချုပ် ပေးဖို့အတွက် မင်းဆိုသည်မှာ ပေါ်ပေါက်လာခြင်းဖြစ်ပေသည်။
တလွဲဆံပင်ကောင်း
ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သည် `` ဒီလောက်ရှိရင် တော်ပါပြီ၊ ကိုယ့်မိသားစု တစ်သက်စားလို့ မကုန်ဘူး၊ ဒီထက်ပိုပြီးတော့ ချမ်းသာတော့ကော ဘာလုပ်မှာလဲ၊ သေရင် ကိုယ့်နောက်မပါဘူး´´ဟု စသဖြင့် လောဘနည်းသလိုလို၊ ရောင့်ရဲသလိုလိုနဲ့ ပြောတတ်ကြ၏။ တလွဲဆန်ပင်ကောင်းခြင်းပင်တည်း။ အမှန်ကား ဤကဲ့သို့ပြောခြင်းသည် လောဘနည်းခြင်းကြောင့်မဟုတ်၊ အမျိုး ဘာသာကို အားမပေးလိုခြင်း၊ ဇွဲမရှိခြင်း တို့ကြောင့် ဖြစ်ပေသည်။ ကိုယ့်မိသားစုတစ်သက် စားမကုန်လောက်အောင် ချမ်းသာနေလျှင် ကိုယ့်ဆွေမျိုး သားချင်းများကို ပေးကမ်းနိုင်သည် မဟုတ်ပါလော။ ထိုထက်မက ချမ်းသာနေလျှင် တိုင်းပြည်နှင့်လူမျိုးကို ထောက်ပံ နိုင်သည် မဟုတ်ပါလော။
ဘုရားမြတ်စွာက ``ရောင့်ရဲရမည်၊ တင်းတိမ်ရမည်´´ဟု ဟောခြင်းသည် ပစ္စည်းဥစ္စာများကို မရှာရဟု ပြောလိုသည်မဟုတ်ပေ။ တခါတရံ မတရားလောဘကြီးသည့်အခါ ``တုတ်နှင့်ပစ်လို့ရရ၊ ခဲနှင့်ပစ်လို့ရရ၊ ရဖို့သာအဓိက´´ဟု ဆိုပြီး ဒုစရိုက်မျိုးစုံ လုပ်တော့၏။ လုယက်ခြင်း၊ ခိုးဝှက်ခြင်း၊ ချောက်တွန်းခြင်း၊ တစ်ပတ် ရိုက်ခြင်းစသည်တို့ကား မတရား လောဘကြောင့်ဖြစ်၏။
ယင်းကဲ့သို့သော မတရားလောဘများကို ထိန်းပေးဖို့အတွက် ဘုရားမြတ်စွာက ``ရှိတာလေးနှင့် ကျေနပ်ရမယ်၊ ရောင့်ရဲတင်းတိမ်ခြင်းဟာ အကောင်းဆုံးဥစ္စာပါပဲ´´ဟု ဟောတော်မူခြင်းဖြစ် ပေသည်။ စီးပွားရေး လုပ်ငန်း များကို မလုပ်ဖို့အတွက် ဟောတော်မူခြင်းမဟုတ်။
တချို့လူပုဂ္ဂိုလ်များကား လူ့ဘ၀ကြီးကို ငြီးငွေ့သည့်အတွက် စီးပွားရေးလုပ်ငန်းတွေကို မလုပ်ချင် သယောင်ယောင်၊ ၃၁-ဘုံလုံးသည် ဒုက္ခသစ္စာဖြစ်သည့်အတွက် နိဗ္ဗာန်တစ်ဘက်ကမ်းကိုပဲ အခုချက်ချင်း ကူးတော့မည့်ယောင်ယောင် သံဝေဂတရားရနေသည့် ယောဂီသူတော်စင်ကဲ့သို့ ပြောတတ်ကြသေး၏။ ထို ပုဂ္ဂိုလ်များ တရားရိပ်သာကိုသွားပြီး တရားအားထုတ်သောအခါ ၂-ရက်လောက် အားထုတ်ပြီး အိမ်ပြန်လာ တော့၏။ အိမ်ပြန်ရောက်သောအခါ ``ကျန်းမာရေးကလည်း မကောင်းဘူး၊ ဒီတော့ စိတ်သွားတိုင်း ကိုယ် မပါတော့ ဘယ် အားထုတ်လို့ ကောင်းတော့မှာလဲ၊ တရားပြဆရာကလဲ အတွေ့အကြုံနုသေးတော့ တရား နာရတာက အားမရပါဘူးပေါ့ကွာ´´ဟု စသဖြင့် ဆင်ခြေအမျိုးမျိုးပေးပြီး ကိုယ့်အပြစ်ကို သူများပေါ်ပုံချ လေ တော့သတည်း။
အမှန်ကား အပေါ်ယံအသိလေးကို တကယ့်``သံဝေဂတရား´´ဟု ထင်နေခြင်းပင်တည်း။ ယင်းသို့ ထင်ခြင်းသည်လည်း ကိုယ့်ကိုယ်ကို လိမ်နေခြင်းပင် ဖြစ်၏။ သူများအလိမ်မခံရဖို့ထက် ကိုယ့်ကိုယ်ကို အလိမ် မခံရအောင် သတိပြုသင့်၏။
ကျောင်းဒကာကြီးအနာထပိဏ်၊ ကျောင်းအမကြီး ၀ိသာခါတို့သည် သောတာပန် အရိယာပုဂ္ဂိုလ်များ ဖြစ်ကြ၏။ သို့သော် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ရှိကြပေသည်သာ။ ထို့ကြောင့် လောကီလူသားမှန်သမျှ စီးပွားရေးလုပ်ငန်းကို မဖြစ်မနေ ပြုလုပ်သင့်ပေသည်။
တစ်ယောက်အားထက် ဆယ်ယောက်အားက ပိုထိရောက်
စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်သည့်အခါမှာလည်း ကိုယ့်ဗုဒ္ဓဘာသာဝင်များကို ကူညီ စောင့်ရှောက်ဖို့ အထူးလိုအပ်လှ၏။ ဘာသာခြားများသည် သူတို့ဘာသာဝင်တို့ကိုသာလျှင် အထူးဦးစား ပေးကြ၏။ ထမင်းဆိုင်ခြင်းအတူတူ သူတို့ဘာသာဝင်တို့၏ ထမင်းဆိုင်ကိုသာ အားပေးကြ၏။ လုပ်ပိုင်ခွင့်ရှိ၏။ အပြစ်မဆိုသာပေ။ မိမိတို့ ဗုဒ္ဓဘာသာဝင်များ အတုယူရမည်ဆိုသည်ကို သိရှိနားလည်ဖို့ ပြောရခြင်းဖြစ်သည်။
တိပိဋက မင်းကွန်းဆရာတော်ကြီးသည်ပင်လျှင် ကိုယ့်အချင်းချင်း အားပေးကြဖို့ ကူညီကြဖို့ မိန့်မှာ တော်မူခဲ့ဖူးပါသည်။ ``သမဂ္ဂါနံ တပေါ သုခေါ- ကိုယ့်အချင်းချင်း စည်းလုံးမှ အခက်အခဲမှန်သမျှ ကျော်လွှားနိုင် မည်´´ဟူသော ဘုရားမြတ်စွာ၏ အဆိုအမိန့်ကို လိုက်နာကြမည်ဆိုလျှင် ဗုဒ္ဓဘာသာဝင်များသည် အထက် တန်းကျကျ မျက်နှာပန်းလှလှဖြင့် နေနိုင်သည်ဆိုသည်ကို မည်သည့်ဗေဒင်ဆရာကိုမျှ မေးစရာ မလိုပေ။
မည်သည့်အလုပ်ကိုပဲလုပ်လုပ် ``တစ်ယောက်အား´´နှင့် လုပ်ကိုင်ဆောင်ရွက်ခြင်းထက် ``ဆယ် ယောက်အား´´ နှင့် လုပ်ကိုင်ဆောင်ရွက်ခြင်းက ပို၍ထိရောက်၏။ ယနေ့ခေတ်၌ နိုင်ငံရပ်ခြားတိုင်းပြည်များသို့ သွားရောက်ပြီး အလုပ်လုပ်နေကြသည့် မြန်မာပြည်သားတိုင်းရင်းသားများကို မြောက်မြားစွာ တွေ့ရှိရပေသည်။ စည်းလုံးမှု ညီညွတ်မှုသည် ယင်းကဲ့သို့တိုင်းတစ်ပါးမှာနေကြသည့်သူများမှာ ပို၍ အရေးကြီး၏။ တိုင်းတစ်ပါးတို့၌ ``အလုပ်အကိုင်၊ နေရာတိုက်ခန်း၊ အစိုးရရုံး´´စသည်တို့နှင့် ပတ်သက်ပြီး အခက်အခဲပေါင်းများစွာကို တွေ့ ရှိနိုင်ပေသည်။ ယင်းအခက်အခက်များကို စုပေါင်းပြီးဖြေရှင်းမှ ပို၍ အဆင်ပြေနိုင်ပါ၏။
လူတစ်ရာအတူနေသော်လည်း ``သူတစ်လူငါတစ်မင်း´´ ဖြစ်နေကြလျှင် ``တစ်ရာအား´´ မရှိတော့။ တချို့ရွာ၊ ရပ်ကွက်တို့၌ ဘာသာခြားလူဦးရေထက် ဗုဒ္ဓဘာသာဝင်လူဦးရေက အဆမတန် ပို၍များ၏။ သို့သော် ဘာသာခြားတို့ကား စည်းလုံးမှုရှိရကား စီးပွားရေး၊ လူမှုရေးစသည်တို့၌ ဘာသာခြားတို့ကပဲ ရှေ့ကဦးဆောင် နေပါတော့သည်။ မနာလို၍ ပြောခြင်းမဟုတ်ပါ။ အတုယူလိုသောကြောင့် ပြောရခြင်းဖြစ်၏။
ထိုအကြောင်းများကြောင့် ``အများအတွက်´´ဆိုသည့် ရည်ရွယ်ချက်ဖြင့် စီးပွားရေး လုပ်ငန်းများကို တစ်ခုပြီးတစ်ခု တိုးချဲ့ပြီး ညီညီညွတ်ညွတ်နှင့် လုပ်ကိုင်ဆောင်ရွက်ကြဖို့ အထူးလိုအပ်နေပါပြီ။ အမျိုး ဘာသာ သာသနာအတွက် တက်ကုန်ရွက်ကုန်လွှင့်ပြီး စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ကြလျှင် မြန်မာ့တိုင်းရင်းသားများ မကြီးပွားစရာ အကြောင်းမရှိပေ။ ထိုကဲ့သို့လုပ်ကိုင်ဆောင်ရွက်ခြင်းသည် သမ္မာသမ္ဗုဒ္ဓ ခေါ်တွင် မြတ်ဘုရားရှင်၏ အလိုဆန္ဒနှင့် ကိုက်ညီပါကြောင်း တင်ပြလိုက်ရပါသည်။
-------------------------------
သီတဂူ- အရှင်ဒေ၀ိန္ဒာဘိဝံသ(ashindevindabhivamsa@gmail.com)
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း
လောကဓံတရား တွေ့ကြုံငြား စိတ်ထားခိုင်မာစေ
၁။တစ်ခုမရ ၊ တစ်ခုရ ၊ ရသည့်အတွက် မာန်မတတ်ရ။
၂။တစ်ခုမဆုံး ၊ တစ်ခုဆုံးမှာ ၊ ဆုံးသည့်အတွက် စိတ်မပျက်ရ။
၃။တစ်ယောက်မခင် ၊ တစ်ယောက်ခင် ၊ ခင်သည့်အတွက် မာန်မတတ်ရ။
၎။တစ်ယောက်မမုန်း ၊ တစ်ယောက်မုန်း ၊ မုန်းသည့်အတွက် စိတ်မကွက်ရ။
၅။သူ-မကဲ့ရဲ့ ၊ သူ-ကဲ့ရဲ့မှာ ၊ ကဲ့ရဲ့သည့်အတွက် စိတ်မပျက်ရာ။
၆။သူ-မချီးမွမ်း ၊ သူ-ချီးမွမ်းမှာ ၊ ချီးမွမ်းသည့်အတွက် မာန်မတတ်ရာ။
၇။ချမ်းသာဖွယ်ကြုံ ၊ ပြည့်စုံသောအခါ ၊ ပြည့်စုံသည့်အတွက် မာန်မတတ်ရာ။
၈။ဝမ်းနည်းဖွယ်ကြုံ ၊ တွေ့ဆုံသည့်အခါ ၊ တွေ့ဆုံသည့်အတွက် စိတ်မပျက်ရာ။
ကျွန်တော်ကတော့အဲ့ ဒီ စကားကိုအရင်က စိုင်းထီးဆိုင် သီချင်းထဲမှာရယ်၊ မြန်မာစကားပုံထဲမှာရယ် ကြားဖူးပါတယ်။ ဘယ်လောက်လေးနက်တယ်ဆိုတာကိုတော့ မတွေးမိခဲ့ ပါဘူး။ အဲ့ ဒီစကားဟာ ကျွန်တော်တို့ မြတ်ဗုဒ္ဓ၏ တရားဓမ္မနှင့် ဆက်စပ်နေပြီး သဘောအဓိပ္ပါယ် တော်တော် လေးနက်တဲ့  စကားဖြစ်ပါတယ်။
ဝဋ်
'၀ဋ် ' ဆိုသည်မှာ ' ၀ဋ'္ဋ ဟူသော ပါဠိစကားမှ ဆင်းသက်လာပါသည်။ သံသရာ လည်ပတ်ခြင်း၊ အကြောင်းပြီး အကျိုး - အကျိုးပြီးအကြောင်း ဆက်စပ်ဖြစ်ပျက်ခြင်း၊ မကောင်းမှုပြုသည့်အတွက် သံသရာဘ၀ခရီး၌ ဆိုးကျိုးတစုံတရာကို ခံစားရခြင်း စသော အဓိပ္ပါယ်များ ရှိပါသည်။ ၀ဋ် သုံးမျိုးရှိပါသည်-
(၁) ကိလေသ၀ဋ် (အ၀ိဇ္ဇာ) တဏှာ၊ ဥပါဒါန်သုံးပါး၊
(၂) ကမ္မ၀ဋ် (ကုသိုလ်ကံ၊ အကုသိုလ်ကံ)၊
(၃) ၀ိပါက၀ဋ် (အကျိုးတရားများ)၊
ဝဋ် သည် နောက်ဆုံးအချက် ၀ိပါက၀ဋ် (အကျိုးတရားများ) နှင့်သက်ဆိုင်နေပါသည်။ သို့ ဖြစ်၍ '၀ဋ်' နှင့် '၀ိပါက' သည် စကားလုံး ကွဲပြားသော်လည်း ဘဘောအဓိပ္ပါယ် မကွဲပြားပါ။ ထို့ ကြောင့် တစ်စုံတစ်ယောက်သည် ဒုက္ခကြီးစွာ ခံစားနေရလျှင် '၀ဋ်ခံနေရတယ်၊ ၀ဋ်ကြီးတယ်' ဟူ၍လည်းကောင်း 'သူတပါးကို မညှင်းဆဲနဲ့ ၊ ၀ဋ် လိုက်တတ်တယ်၊ ၀ဋ် မှာအမြဲ ငရဲမှာ အပတဲ့ ' ဟူ၍လည်းကောင်း အစဉ်အလာ ဆုံးမပြောဆိုကြခြင်း ဖြစ်ပါသည်။
ငရဲ
'ငရဲ' သည် 'နိရယ' ဟူသော ပါဠိစကားမှ ဆင်းသက်လာပါသည်။ {နိ+(ရ) အယ။ အယ=ချမ်းသာခြင်း+နိ =မရှိ} ချမ်းသာသုခကို ရခွင့်မရှိသောကြောင့် ငရဲဟုခေါ်ခြင်းဖြစ်ပါသည်။ ငရဲကြီး ရှစ်ထပ်ရှိသည်။ သိဥ္ဇိုဝ်း၊ ကာလသုတ်၊ သံဃာတ၊ ရောရုဝ၊ မဟာရောရုဝ၊ တာပန၊ မဟာတာပန၊ အ၀ီစိငရဲတို့ ဖြစ်ကြပါသည်။ ထို ဘုံရှစ်ဘုံကိုပေါင်း၍ ငရဲဘုံ ဟု သုံးနှုန်းခေါ်ဝေါ်ကြပါသည်။ ထို ငရဲ တစ်ထပ်တစ်ထပ်စီတွင်လည်း ဘင်(မစင်)ပုပ်ငရဲ၊ ပြာပူငရဲ၊ လက်ပံတောငရဲ၊ သံလျက်ရွတ်ငရဲ၊ ကြိမ်ပိုက်ချောင်းငရဲဟု ငါးထပ်စီ တံတိုင်းခတ်သလို ရံပတ်တည်ရှိနေကြပါသည်။ ထိုအားလုံးကို ငရဲ ဟု ခေါ်ခြင်းဖြစ်ပါသည်။
ဝဋ် မြဲခြင်း
တစုံတယောက်သည် တစုံတစ်ယောက်အား ပြစ်မှားမိပါက ထိုသူသည် ငရဲ၌ ဆင်းရဲဒုက္ခ ခံစားနေရမည်ဖြစ်ပါသည်။ ငရဲမှ လွတ်လျှင်လည်း ဆင်းရဲဒုက္ခတစ်မျိုးမျိုး ကို ပြုမိခဲ့ သော အကုသိုလ်အားလျော်စွာ ခံစားရတတ်ပြန်သည်။ ထိုကဲ့ သို့  ခံစားရခြင်းကိုပင် ၀ဋ် ဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။ ထို ၀ဋ် ခေါ် မကောင်းမှုအကျိုးကို မည်သူမှ ရှောင်လွဲ၍ မရနိုင်ပါ။ မိမိပြုခဲ့ သော အကုသိုလ်ကံကြောင့် ငရဲသို့  ကျရောက်ရုံမျှဖြင့် မပြီးသေး။ အခွင့်သင့်သော ဘ၀တွင်လည်း ၀ဋ် ခေါ် ဆင်းရဲဒုက္ခတစ်မျိုးမျိုးကို ဆက်လက်ခံစားရသေးသည်။ မခံစားရအောင် မည်သူမျှ မရှောင်လွှဲနိုင်ကြပေ။ သို့ ဖြစ်၍ "၀ဋ်မှာ အမြဲ ငရဲမှာ အပ" ဟုဆိုထုံးပြုခဲ့ ကြခြင်း ဖြစ်ပါသည်။
ငရဲပခြင်း
ငရဲကား ၀ဋ် ကဲ့ သို့ မဟုတ်၊ မကောင်းမှု အကုသိုလ်ကို ပြုလုပ်လျှင် ငရဲသို့  ကျရောက်တတ်၏ဟု ဆိုသော်လည်း အကုသိုလ်ပြုမိတိုင်း ငရဲသို့ ရောက်ကြရသည်မဟုတ်၊ အကုသိုလ်ကို အမှန်တကယ် ပြုပါလျက် ငရဲနှင့် လွဲချင်လွဲတတ်ပါသည်။ မိမိပြုသော ကုသိုလ်ကံများဖြင့်လည်း ငရဲကို အပ ပြုနိုင်ပါသည်။ လတ်တလော ကုသိုလ်ကံကြောင့် နတ်ပြည်တို့  ရောက်နိုင်သော်လည်း ကုသိုလ်ကံ အရှိန်ကုန်လျှင် (အပါယ်တံခါးပိတ်နိုင်သော မဂ်ကုသိုလ်တစ်မျိုးမျိုးကို မရသေးလျှင်) ငရဲသို့  ရောက်နိုင်ပေသေးသည်။ ယခုစာဖတ်သူများလည်း ငရဲကို ယာယီ အပ ပြုနိုင်ခြင်းမဟုတ်ဘဲ၊ အလွန်အားကောင်းသော ကုသိုလ်ကံအဆင့်များမှ အကုသိုလ်ကံများကို ဘယ်တော့မှ အကျိုးပေးခွင့်မရအောင် ချေဖျက်ပစ်နိုင်သော အဆုံးသတ် အပ ပြုနိုင်သော၊ အကုသိုလ်ကံများအားလုံးသည် အဟောသိကံ(အချည်းနှီးကံ၊ အလကားကံ) များ ဖြစ်နိုင်သော၊ အကုသိုလ်ကံမှန်သမျှ ပျက်စီးသွားပြီဖြစ်၍ အပါယ်အကျိုး၊ ငရဲ အကျိုးကို ဘယ်သောကာလမှ မပေးနိုင်သော ပုဂ္ဂိုလ်များ ဖြစ်နိုင်ကြပါစေ.................။
လေးစားလျှက်
ကိုငယ်
ကံဆိုသည်မှာ ရုပ်နမ်ဓမ္မ သမူဟသာဖြစ်သော လူသား၏ ကာယ၊ ၀ါစာ၊ မန အမူအရာ လုပ်အား ဖြစ်ပေသည်။
ကျွန်ုပ်တို့ သည် သက်ရှိလူသား တစ်ဦးစီအား စူးစူးစိုက်စိုက်ဥာဏ်ဖြင့် နှိုက်၍ ကြည့်ရှုဆင်ခြင်ပါမူ သူသည် သူ၏ ကိုယ်ကာယဖြင့်လည်း အလုပ်လုပ်နေသည်။ နှုတ်ဝစီဖြင့်လည်း ပြောဆိုနေသည်။ ကိုယ်လက်အမူအရာနှင့် ခံတွင်းမှ ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း အတွင်းစိတ်နှင့် ကျိတ်မှိတ်ကာ စိတ်သက်သက်ဖြင့်လည်း ကြံစည်လုပ်ကိုင်နေတတ်သည်။ ဤသို့ သော မူမှန်သဘာဝတို့ ကို အမှန်အတိုင်း သိမြင်ကြရပေမည်။ ထို ကာယ၊ ၀ါစာ၊ မန အမူအရာများကို ဖယ်ရှားကြည့်လျှင် လူသားတို့ ကို "အသုဘ" အနေဖြင့်သာ တွေ့ ရပေမည်။
ထို ကာယ၊ ၀ါစာ၊ မန အမူအရာ အလုပ်တို့ ကို ပါဠိဘာသာအားဖြင့် ဝေါဟာရတပ်ဆင်သောအခါ-
*ကာယ ကမ္မ= ကာယကံ= ကိုယ်အမူအရာဖြင့် ပြုလုပ်မှု။
*၀စီ ကမ္မ= ၀စီကံ= စကားဖြင့် ပြုလုပ်ဆောင်ရွက်မှု။
*မနော ကမ္မ= မနောကံ= အတွင်းစိတ်သက်သက်ဖြင့် အတွင်းကျိတ် ကြံစည်ပြုလုပ်မှု။
ကံနှင့် လူသားသည် တခြားစီ မဟုတ်၊ ကံဟူသည် လူသား၏ စွမ်းရည်တစ်မျိုးသာ ဖြစ်ကြောင်း သဘောပေါက်ရပေမည်။ အချို့ သော သူများသည် ကံကြမ္မာသည် သီးသီးသန့် သန့်  ရှိနေသလို အထင်အမှတ်မှားနေကြသည်။ "အတ္တ" ရှိသည်ဟု ထင်သကဲ့ သို့  ဖြစ်ပါသည်။ ကံသည် တစ်နည်းအားဖြင့် ဆိုလျှင် စေတနာသာ ဖြစ်ပါသည်။ 'ကမ္မသတ္တိ၏ စွမ်းရည်သည် မည်သည့်အဆင့်ရောက်မှ အကျိုးဖြစ်ထွန်းလာသည်။ မိမိတွင် ဘယ်သို့ သော ကမ္မသတ္တိရှိနေသည်' ကို အတပ်မသိရှိဘဲ 'ရှေ့ အတိတ်ကံကို ယုံပြီး စောင်ခြုံအိပ်နေမည်၊ ပျော့စိစိ ဆုတ်ဆုတ် နစ်နစ် ဖြစ်နေမည်' ဆိုပါက ရှေူးအကြောင်းကံရှိမှ ချမ်းသာမည်ဟု ကံတစ်ခုတည်း စွဲယူမှုမျိုး ဖြစ်၍ ကျွန်တော်တို့ ၏ ဗုဒ္ဓလမ်းစဉ်မှ သွေဖည်နေပြီဟု နားလည်ရပေမည်။ ဖြစ်သမျှ ရှေးအတိတ်ကံလက်ချက်ဟု ပုံမချရ၊ အတိတ်နှင့် ပစ္စုပ္ပန် ပေါင်းစပ်ယူရသည်။ အတိတ်ကံ နှင့် ပစ္စုပ္ပန်ကံ တို့ ကို ပေါင်းစပ်ယူရသည်။ အတိတ်ကံနှင့် ပစ္စုပ္ပန်ကံပေါင်းစပ်ပြီး လက်ရှိဘ၀ ကောင်းကျိုးကို ရှာရမည် ဖြစ်သည်။ အနာဂတ်ကောင်းကျိုးကို ထူထောင်ရမည် ဖြစ်ပါသည်။
လူတိုင်း၌ "ကံ၊ ဥာဏ်၊ ၀ီရိယ" သုံးမျိုးရှိသည်။ "ဥာဏ်၊ ၀ီရိယ" တို့ နှင့်ပတ်သက်၍ ပြဿနာ မပေါ်သေးချေ။ လူတိုင်းက လက်ခံကြသည်။ "ကံ" နှင့် စပ်လျဉ်း လာလျှင် ကံ မရှိဟု ဆိုသူကဆို၊ ကံ ကိုမယုံဟု ပြောသူကပြော အမျိုးမျိုးပင်တွေ့ ရပေမည်။
ကံမရှိဘူးဟု သတ်မှတ်ကြသူ၊ ကံကိုမယုံသူ များသည် မိမိအခြေအနေ မိမိ၏အပြုအမူကို မသုံးသပ် မဆင်ခြင်မိကြသဖြင့် မိမိကိုယ်ကို ပြန်လည်ဆန့် ကျင်မိကြသူများသာ ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုသူများသည် မိမိတို့  မယုံဘူးဆိုသည့် ကံကိုပင် နေ့ စဉ် နေ့ တိုင်း ပြုလုပ်နေကြသောကြောင့် ဖြစ်ပါသည်။
ပါဠိဘာသာ 'ကမ္မ' မှ 'ကံ' ဟူသော မြန်မာဝေါဟာရ ဖြစ်လာသည်။ အဓိပ္ပါယ်မှာ အလုပ် ဖြစ်ပါသည်။ မိမိလုပ်နေသော အလုပ်သည်ပင် မိမိ၏ ကံ ဖြစ်ပါသည်။ နေ့ စဉ်လုပ်ရှားနေကြသော လောကလူသားတို့ သည် မည်သူမဆို အလုပ်နှင့် ကင်းနိုင်ကြမည် မဟုတ်ပါ။ စားဝတ်နေရေး ပြေလည်မှုအတွက် နေထွက်သည်မှ နေ၀င်သည်အထိ ရုန်းကန်လှုပ်ရှားနေကြရသူများချည်း သာ ဖြစ်ကြသည်။
လူ့ လောကထဲတွင် မည်သူမဆို မိတ်ဆွေများ ရှိကြပေသည်။ မိတ်ဆွေအပေါင်းအသင်းမရှိသောလူ ဟူ၍ ရှားပါးလောက်ပေသည်။ အနည်းဆုံးမိတ်ဆွေစစ် မရှိလျှင် မိတ်ဆွေတုတော့ ရှိကြပေလိမ့်မည်။ သေရည်ဆိုင်၌သာ အဖော်ဖြစ်သောသူသည် သောက်ဖော်သောက်ဖက် မိတ်ဆွေမည်၏။ မိတ်ဆွေမိတ်ဆွေဟု ခေါ်၍ မျက်မှောက်၌သာ အဖော်သဟဲဖြစ်လျက် မျက်ကွယ်၌ ရန်သူသဖွယ်ဖြစ်သောသူသည် ဟန်ဆောင်မိတ်ဆွေ မည်၏။ အကြင်သူသည် အကြောင်းကိစ္စ ဖြစ်ပေါ်လတ်သော် အဖော်သဟဲ ဖြစ်၏။ ထိုသူသည် မိတ်ဆွေစစ် မည်၏။
မိတ်ဆွေတု
*ယူသာ ယူတတ်သော မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွေတု။(အညဓတ္ထုဟရ မိတ်ဆွေတု)
*နှုတ်မျှဖြင့်သာလျှင် (လောကွတ်) ပေးတတ်သော မိတ်ဆွေစစ် မဟုတ်သည့် မိတ်ဆွေတု။(၀စီပရမ မိတ်ဆွေတု)
*အကြိုက်ကိုလို၍ ပြောဆိုတတ်သော မိတ်ဆွေတု။(အနုပ္ပိယဘာဏီ မိဆွေတု)
*ပျက်စီးကြောင်း၌ အပေါင်းအဖော်ဖြစ်သော မိတ်ဆွေတု။(အပါယသဟာယ မိတ်ဆွေတု)
မိတ်ဆွေစစ်
*ကျေးဇူးပြုတတ်သော ကောင်းသော စိတ်နှလုံးရှိသည့် မိတ်ဆွေစစ်။(ဥပကာရ မိတ်ဆွေ)
*ချမ်းသာအတူ ဆင်းရဲလည်းအတူဖြစ်သော ကောင်းသောစိတ်နှလုံးရှိသည့် မိတ်ဆွေစစ်။(သမာနသုခဒုက္ခ မိတ်ဆွေ)
*အကျိုးစီးပွားကို ပြောကြားတတ်သော ကောင်းသောစိတ်နှလုံးရှိသည့် မိတ်ဆွေစစ်။(အတ္ထက္ခာယီ မိတ်ဆွေ)
*အစဉ်သနားတတ်သော ကောင်းသောစိတ်နှလုံးရှိသည့် မိတ်ဆွေစစ်။(အနုကမ္ပက မိတ်ဆွေ)
မိတ်ဆွေတုကို ရှောင်
ထိုမိတ်ဆွေမျိုးသည် စင်စစ်ယူသာယူတတ်၏။ ထိုမိတ်ဆွေသည် နှုတ်ဖြင့်သာ ပေးတတ်၏။ ထိုမိတ်ဆွေသည် အကြိုက်ကိုသာ လိုက်၍ ပြောဆိုတတ်၏။ ထိုမိတ်ဆွေသည် ပျက်စီးကြောင်း၌ အပေါင်းအဖော် ဖြစ်၏။ မိတ်ဆွေစစ် မဟုတ်သော ဤလေးယောက်တို့ ကို ပညာရှိသည် ဘေးရန်ရှိသောခရီးကို ဝေးစွာ ရှောင်းကြဉ်သကဲ့သို့  ဝေးစွာ ရှောင်ကြဉ်ရမည်။
မိတ်ဆွေစစ်ကို ချဉ်းကပ်
ထိုမိတ်ဆွေမျိုးသည် ကျေးဇူးပြုတတ်၏။ ထိုမိတ်ဆွေသည် ချမ်းသာအတူ ဆင်းရဲအတူ ဖြစ်၏။ ထိုမိတ်ဆွေသည် အကျိုးစီးပွားကို ပြောကြားတတ်၏။ ထိုမိတ်ဆွေသည် အစဉ်သနားတတ်၏။ ပညာရှိတို့ သည် ဤမိတ်ဆွေလေးယောက်တို့ ကို အမိသည် ရင်၌ ဖြစ်သောသားသို့  ချဉ်းကပ်သကဲ့ သို့  ရိုသေစွာ ချဉ်းကပ်ရမည်။ သီလနှင့် ပြည့်စုံသော ပညာရှိမိတ်ဆွေသည် တောင်ထိပ်၌ တောက်လောင်သော မီးကဲ့ သို့  ထွန်းလင်းတင့်တယ်ပါသည်။
လူတစ်ဦးတစ်ယောက်သည် ဗုဒ္ဓဘာသာနှင့် စပ်လျဉ်း၍ ယုံကြည့်ရမည့် အချက်များကို ယုံကြည့်ပါမှ ဗုဒ္ဓဘာသာတစ်ယောက် ဖြစ်နိုင်ပါသည်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်သည် ရတနာ သုံးပါး၊ ကံနှင့် ကံ၏ အကျိုးတရား၊ မျက်မှောက်လောကနှင့် တမလွန်လောက စသည်တို့ ကို ယုံကြည့်နိုင်ရမည်။
(က) ဗုဒ္ဓရတနာ
ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ဗုဒ္ဓရတနာ၊ ဓမ္မရတနာနှင့် သံဃာရတနာတည်းဟူသော ရတနာသုံးပါကို ကိုးကွယ်ရမည်ဖြစ်ပါသည်။ သတ္တ၀ါတို့ ၏ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်ဆီးတတ်သောကြောင့် ဗုဒ္ဓ၊ ဓမ္မနှင့် သံဃာတည်းဟူသော ရတနာသုံးပါးကို သရဏဟူ၍လည်း ခေါ်ဝေါ်ပါသည်။
မြတ်ဗုဒ္ဓကို ကိုးကွယ်ပူဇော်ရခြင်းမှာ ဗုဒ္ဓရှင်တော်ဘုရား၏ သတ္တ၀ါတို့ ကို ကြီးပွားချမ်းသာကြောင်း နည်းလမ်း၌ ဖြစ်စေခြင်း၊ မကြီးပွား မချမ်းသာကြောင်း မကောင်းသော နည်းလမ်းမှ ဆုတ်နစ်စေခြင်းနှင့် အပြစ်ဒေါသ အလုံးစုံ ကင်စင်၍ ဂုဏ်ကျေးဇူးအလုံးစုံနှင့် ပြည့်စုံစေခြင်းတို့ ကြောင့်ပင်ဖြစ်သည်။
(ခ) ဓမ္မရတနာ
ဓမ္မရတနာတည်းဟူသော ဘုရား၏ တရားတော်ကို ကိုးကွယ်ရခြင်းမှာ တရားတော်ကို ကျင့်ကြံလိုက်နာသူတို့ ကို ဘ၀သံသရာခရီးခဲမှ ထုတ်ဆွဲကယ်တင်ခြင်း၊ တရားကျင့်တုန်းအခိုက်နှင့် ကျင့်ပြီး နောက်ကာလတို့ ၌လည်း သက်သာမှုကိုပေးစေခြင်းဖြင့် သတ္တ၀ါတို့ ၏ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်ဆီးစေနိုင်ခြင်းကြောင့် ဖြစ်ပါသည်။
(ဂ) သံဃာရတနာ
သံဃာတော်ကို ကိုးကွယ်ခြင်းမှာ အနည်းငယ်မျှသော ကောင်းမှုကုသိုလ်တို့ ကို ကြီးကျယ်ဖွံ့ ဖြိုး အကျိုးများစေရန် ပြုခြင်းဖြင့် သံဃာတော်များသည် သတ္တ၀ါတို့ ၏ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်ဆီးနိုင်ခြင်းကြောင့် ဖြစ်ပါသည်။
ထိုရတနာသုံးပါးအား ကြည့်ညိုလေးစား ကိုကွယ်ဆည်းကပ်သောသူကို သရဏဂုံတည်သူဟု ခေါ်ပါသည်။ ထိုသူသည် ကောင်းမြတ်သော ဘ၀သို့ ရောက်ရမည် ဖြစ်သည့်ပြင် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ အခြွေအရံပေါများခြင်း စသော အကျိုးများကို ရရှိမည် ဖြစ်ပါသည်။
ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ၊ ဆရာ၊ မိဘ တည်းဟူသော အနန္တောအနန္တ ငါးပါးကို တစ်ဂိုဏ်းတည်းထား၍ ပူဇော်ကိုးကွယ်ကြရသည်။
အနန္တောအနန္တ ငါးပါး
(၁) ဗုဒ္ဓဂုဏော အနန္တော၊
(၂) ဓမ္မဂုဏော အနန္တော၊
(၃) သံဃာဂုဏော အနန္တော၊
(၄) မာတာပိတုဂုဏော အနန္တော၊
(၅) အာစရိယဂုဏော အနန္တော၊
* ဗုဒ္ဓဂုဏော-မြတ်စွာဘုရား၏ ဂုဏ်တော်ကျေးဇူးတော်သည်၊ အနန္တော-အဆုံးမရှိ ကျယ်ဝန်းလှ၏။
*ဓမ္မဂုဏော-တရားတော်၏ ဂုဏ်တော်ကျေးဇူးတော်သည်၊ အနန္တော-အဆုံးမရှိ ကျယ်ဝန်းလှ၏။
* သံဃာဂုဏော -သံဃာတော်မြတ်၏ ဂုဏ်တော်ကျေးဇူးတော်သည်၊ အနန္တော-အဆုံးမရှိ ကျယ်ဝန်းလှ၏။
* မာတာပိတုဂုဏော-အမိအဘတို့ ၏ ဂုဏ်တော်ကျေးဇူးတော်သည်၊ အနန္တော-အဆုံးမရှိ ကျယ်ဝန်းလှ၏။
* အာစရိယဂုဏော-ဆရာသမားတို့ ၏ ဂုဏ်တော်ကျေးဇူးတော်သည်၊ အနန္တော-အဆုံးမရှိ ကျယ်ဝန်းလှ၏။
- I have no parents.
- ငါ့မှာ မိဘမရှိပါဘူး။
- I make the heavens and earth my parents.
- ငါဟာ ကောင်းကင်နဲ့မြေကြီးကိုမိဘသဖွယ် လုပ်ထားပါတယ်။
- I have no home.
- ငါ့မှာ အိမ်မရှိပါဘူး။
- I make awareness my home.
- ငါဟာ သတိကို အိမ်လုပ်ပြီးတော့ နေပါတယ်။
- I have no life or death.
- ငါ့မှာ မွေးဖွားခြင်း-သေဆုံးခြင်းဆိုတာ မရှိပါဘူး။
- I make the tides of breathing my life & death.
- ထွက်လေ-၀င်လေကိုပဲ မွေးဖွားခြင်း-သေဆုံးခြင်းလို့ သဘောထားပါတယ်။
- I have no divine power.
- ငါ့မှာ တန်ခိုးဣဒ္ဓိပါဒ် မရှိပါဘူး။
- I make honesty my divine power.
- ငါဟာ ရိုးသားမှုကို ငါ့ရဲ့တန်ခိုးဣဒ္ဓိပါဒ်အဖြစ် လုပ်ထားပါတယ်။
- I have no friend.
- ငါ့မှာ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်း မရှိပါဘူး။
- I make my mind my friend.
- ငါဟာ ငါ့စိတ်ကို မိတ်ဆွေအဖြစ် လုပ်ထားပါတယ်။
- I have no enemy.
- ငါ့မှာ ရန်သူ မရှိပါဘူး။
- I make carelessness my enemy.
- ငါဟာသတိမပါ၊ဥာဏ်မပါ ပေါ့ပေါ့တန်တန်ဖြစ်သလိုနေတတ်
- လုပ်တတ်တာကိုငါ့ရန်သူလိုသဘောထားပါတယ်။
- I have no armour.
- ငါ့မှာ သံချပ်ကာအင်္ကျီ မရှိပါဘူး။
- I make benevolence my armour.
- ငါဟာသူတစ်ပါးကောင်းကျိုးကို လိုလားတယ်ဆိုတဲ့ စိတ်ကိုပဲ သံချပ်ကာအင်္ကျီသဖွယ်လုပ်ထားပါတယ်။
- I have no castle.
- ငါ့မှာ ရဲတိုက်ကြီး မရှိပါဘူး။
- I make immovable mind my castle.
- ငါဟာ မလှုပ်ရှား မယိမ်းယိုင်တဲ့ စိတ်ကိုပဲ ရဲတိုက်အဖြစ် လုပ်ထားပါတယ်။
- I have no sword.
- ငါ့မှာ ဓားရှည် မရှိပါဘူး။
- I make absence of self my sword.
- ငါဟာ အတ္တမရှိခြင်းကိုပဲ လက်နက်ဖြစ်တဲ့ ဓားရှည်ကြီးအဖြစ် လုပ်ထားပါတယ်။
ကမ္ဘာပေါ်မှာ ရှိကြတဲ့  လူသားတစ်ဦးနဲ့ တစ်ဦးရဲ့  စိတ်အ၀င်စားဆုံးအရာတွေဟာ ကွဲပြားကြလိမ့်ပါမယ်။ လူသား အားလုံးနဲ့  သက်ဆိုင်တာဟာ သေခြင်းတရား ပါပဲ။ အသက်အရွယ်မရွေး၊ အဆင့်အတန်းမရွေး လူသားအားလုံးဟာ အချိန်မရွေး သေသွားနိုင်ပါတယ်။ အောက်မှာဖော်ပြထားတဲ့  ''တရားနှင့် သေဆုံးသော မထက်ထက်အောင်၏ ဈာပန ဗွီဒီယို ကို ပြီးဆုံးအောင် ကြည့်ပေးကြပါ။'' ဓမ္ဓမိတ်ဆွေများနဲ့ သူငယ်ချင်းများ လည်း သံဝေဂ ရနိုင်ကြပါစေ။ မအားသေးလို့ တရားအားမထုတ်ဘူးဆိုတာ မဖြစ်ကြပါစေနဲ့ ။ မအားတဲ့ ကြားထဲ ကသေကြရမယ့် လူသားတွေပါ။
blogspot.com နဲ့ အဆင်မပြေတဲ့ သူတွေအတွက် 'ဒီမှာ' ကြည့်နိုင်ပါတယ်။
ဒီပို့ စ်လေးကို ဖြန့် ဝေနိုင်ရန် ကူညီ၊ သင်ကြား၊ ပြသပေးသော ကိုအောင်ဦး ကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ.............
(၁) လောဘ-လိုချင်တပ်မက်ခြင်း။
(၂) ဒေါသ-အမျက်ထွက်ခြင်း။
(၃) မောဟ-တွေဝေခြင်း။
(၄) မာန-ထောင်လွှာခြင်း။
(၅) ဒိဋ္ဌိ-အယူမှားခြင်း။
(၆) ၀ိစိကိ စ္ဆာ-သံသယရှိခြင်း။
(၇) ထိနမိဒ္ဓ-ငိုက်မည်းခြင်း။
(၈) ဥဒ္ဓစ္စ-စိတ်ပျံ့ လွင့်ခြင်း။
(၉) အဟိရိက-မကောင်းမှုလုပ်ရန်မရှက်ခြင်း။
(၁၀) အနောတ္တပ္ပ-မကောင်းမှူလုပ်ရန်မကြောက်ခြင်း။
"မီး(၁၁)ပါး"
(၁) လောဘ-လိုချင်တပ်မက်ခြင်း။
(၂) ဒေါသ-အမျက်ထွက်ခြင်း။
(၃) မောဟ-တွေဝေခြင်း။
(၄) ဇာတိ-ပဋ္ဋိသန္ဓေနေရခြင်း။
(၅) ဇရာ-အိုရခြင်း။
(၆) မရဏ-သေရခြင်း။
(၇) သောက-စိုးရိမ်ခြင်း။
(ဂ) ပရိဒေ၀-ငိုကြွေးခြင်း။
(၉) ဒုက္ခ-ဆင်းရဲခြင်း။
(၁၀) ဒေါမနဿ-နှလုံးမသာယာခြင်း။
(၁၁) ဥပါယာသ-ပြင်းစွာပူပန်ခြင်း။
လာပြီးတော့နား၊ မသွားသေခင်
ချိန်လေးတွင်းမှ၊ နှောင်ကြိုးသွယ်ကြ
ပြုံးလျှင်မဲ့ ငို၊ ချစ်မုန်းဖိုကြ
မလိုဒေါသ၊ လိုလောဘကို
ဘ၀ရိပ်မြုံ၊ ကကြိုးစုံခဲ့
့
ကံကုန်မိုးချုပ်၊ လက်တွဲဖြုတ်သော်......
(၁) ရွတ်ကြဖတ်ကြ၊ ပရိတ္တ၊ ခပ်သိမ်းမြဲကာလ။
(၂) ပရိတ်တော်မြတ်၊ ရွတ်ဆိုအပ်၊ မှတ်ကြချိန်ကာလ။
(၃) မင်္ဂလမေတ္တ၊ နှစ်ဝထိုသုတ်၊ ပြုလုပ်မင်္ဂလာ၊ အိမ်တက်ရာ၊ မှန်စွာရွတ်ဆိုကြ။
(၄) အန္တရာယ်ဥပဒ်၊ ဖြစ်တုံလတ်၊ ရွတ်ဖတ်ရတန။
(၅) ရန်ငြိုးဖွဲ့ ကာ၊ ထိတ်လန့် ကာ၊ ရွတ်ပါ သုတ်မေတ္တ။
(၆) မြွေကင်းထူးပြော၊ အန္တရာယ်တော၊ ရွတ်တော့ သုတ်ခန္ဓ။
(၇) မင်းဘေးကြုံသော်၊ လွတ်ရန်မျှော်၊ ရွတ်နော် သုတ်မောရ။
(၈) မီးဘေးသင့်က၊ မှန်မုချ၊ ရွတ်ကြသုတ်ဝဋ္ဋ။
(၉) မီးဘေး၊ စစ်မီး၊ တောက်လောင်ညီး၊ အပြီးရွတ်ကြ ဓဇဂ္ဂ။
(၁၀) နာနာဘ၀၊ နှောင့်ယှက်က၊ ရွတ်ကြ အာဋနာဋိယ။
(၁၁) မီးဖွားသန့် စင်၊ ခက်ခဲလျှင်၊ သုတ်အင်္ဂုလိမာလ။
(၁၂) ရောဂါဝေဒနာ ဖြစ်သောအခါ၊ ရွတ်ပါ ဗောဇ္ဈင်္ဂ။
(၁၃) စန်း-လဂ်ဇာတာ၊ ညှိုးသောအခါ၊ ရွတ်ပါ ပုဗ္ဗဏှ။
(၁၄) ကာယသုခ၊ စိတ်သုခ၊ မုချရကုန်ကြ။
☺ ကံချင်းတူရင်
ဥာဏ်သာတဲ့သူက
အနိုင်ရတယ် ....
☺ ဥာဏ်ချင်းတူရင်
ဝိရိယသာတဲ့သူက
အနိုင်ရတယ်...
☺ ၀ိရိယချင်းတူရင်
စည်းကမ်းရှိသူက
အနိုင်ရတယ်....
☺ စည်းကမ်းရှိတာချင်းတူရင်
စေတနာရှိသူက
အနိုင်ရတယ်...
☺ စေတနာရှိတာချင်းတူရင်
ရိုးဖြောင့်သူက
အနိုင်ရတယ်...
☺ ရိုးဖြောင့်တာချင်းတူရင်
အပြောချိုသူက
အနိုင်ရသွားတယ်....
အရှင်ဥာဏ၀ရ(သာပေါင်း)
မန်းသူလေး ဘလော့မှပြန်လှည်မျှဝေခြင်းဖြစ်ပါသည်။
♦ လုပ်တိုင်းမဖြစ် ၊ စိတ်မညစ်နှင့်
ကိုယ်လုပ်တိုင်းသာ ၊ ဖြစ်နေပါက
ဘယ်မှာ အနတ္တရှိမည်နည်း ။
♦ ပြောတိုင်းမရ ၊ ဒေါမထနှင့်
ကိုယ်ပြောတိုင်းသာ ၊ ရနေပါက
ဘယ်မှာ အနတ္တရှိမည်နည်း ။
♦ ကြံတိုင်းမမြောက် ၊ စိတ်မဖောက်နှင့်
ကြံစည်တိုင်းသာ ၊ ပြီးမြောက်ပါက
ဘယ်မှာ အနတ္တရှိမည်နည်း ။
♦ ဆင်းရဲကြုံမှု ၊ မညည်းညူနှင့်
ချမ်းသာချည်းသာ ၊ ကြုံနေပါက
ဘယ်မှာ ဒုက္ခရှိမည်နည်း ။
♦ ပျက်စီးတိုင်းလျှင် ၊ မပူပင်နှင့်
မပျက်စီးကာ ၊ ခိုင်မြဲပါက
ဘယ်မှာအနိစ္စ ရှိမည်နည်း ။
♦ အာရုံဟူသမျှ ၊ မတောင့်တနှင့်
အာရုံတိုင်းသာ ၊ တောင့်တပါက
ဘယ်မှာလောဘ ဆုံးမည်နည်း ။
♦ အရာရာမျိုး ၊ စိတ်မဆိုးနှင့်
နေရာတိုင်းသာ ၊ စိတ်ဆိုးပါက
ဘယ်မှာဒေါသ ဆုံးမည်နည်း ။
♦ သိဥာဏ်မလိုက် ၊ သင်မမိုက်နှင့်
အသိဥာဏ်မရ ၊ မိုက်နေပါက
ဘယ်မှာမောဟ ဆုံးမည်နည်း ။
♦ ဗုဒ္ဓတရား ၊ မေ့မထားနှင့်
ဆုံးမတိုင်းသာ ၊ ကျင့်ကြံပါက
ဘယ်မှာ နိဗ္ဗာန် ဝေးမည်နည်း ။
ဓမ္မမိတ်ဆွေများနဲ့ သူငယ်ချင်းများ တရားစာမျာကို ဖတ်နိုင်သောလင့်လေးတွေပါ.......
'ပဋ္ဌာန်းအခြေပြုတရားတော်' ... အရှင်ဇနကာဘိဝံသ
'သစ္စာ(၄)ပါးဆိုသည်မှာ' ... ရှင်အာစာရ
'အရိယာ(၄)ပါးဆိုသည်မှာ' ... ရှင်အာစာရ
'မြတ်ဗုဒ္ဓဒေသနာ' ... ဦးကိုလေး (မြန်မာပြန်သည်)
'စိတ်ဓါတ်ပြုပြင်ပြောင်းလဲရေး' ...ဖားအောက်ဆရာတော်ကြီး
'ပဋိစ္စသမုပ္ပါဒ်အမေးအဖြေ' ... ဦးဇနိတာလင်္ကာရ
'အနတ္တလက္ခဏသုတ်တော်' ... အရှင်ဇနက
'ဓမ္မဒါနစာစု(၁)' ... ဓမ္ဓဒါန
'ဓမ္မဒါနစာစု(၂)' ... ဓမ္ဓဒါန
၁။ ဗုဒ္ဓ၊ ဓမ္မ၊ သံဃတည်းဟူသော ကိုးကွယ်ရာအစစ် ရတနာမြတ်သုံးပါဖြင့်သာ ခိုင်မြဲသော ၀ါဒ။
၂။ သီလ၊ သမာဓိ၊ ပညာတည်းဟူသော သိက္ခာသုံးရပ်ဖြင့် ခိုင်မြဲသော အယူဝါဒ။
၃။ ၀ိနယ၊ သုတ္တန်၊ အဘိဓမ္မာဟူသော ပိဋကတ်သုံးပုံဖြင့် ခိုင်မာစွာ ဖွဲ့ စည်းထားသော အယူဝါဒ။
၎။ ပရိယတ်၊ ပရိပတ်၊ ပရိဝေဒဟူသော အကျင့်မြတ်သုံးရပ်ဖြင့် ဖွဲ့ စည်းထားသော အယူဝါဒ။
၅။ သစ္စာလေးပါးဖြင့် အရိယာသူတော်မြတ်တို့ ကိန်းဝပ်စံပျော်ရာ အမြိုက်နိဗ္ဗာန်ကို ပို့ ဆောင်ပေးသော ၀ါဒ။
၁။အလောင်းတော်နတ်သားဖြစ်စဉ်ကအမည် - သေတကေတုနတ်သား။
၂။ဘုရားအလောင်း - သိဒ္ဓတ္တမင်းသား။
၃။ဘုရားလောင်း၏ ခမည်းတော် - သုဒ္ဓေါဓနမင်းကြီး။
၎။ဘုရားလောင်း၏ မယ်တော် - မဟာမာယာဒေ၀ီ။
၅။မိထွေးတော် - ဂေါတမီ။
၆။သိဒ္ဓတ္တမင်းသား၏ကြင်ယာတော် - ယသော်ဓရာဒေ၀ီ။
၇။သားတော် - ရာဟုလာမင်းသား။
၈။တိုင်းပြည် - ကပ္ပီလ၀တ်ပြည်။
၉။ဘုရားဘွဲ့တော် - ဂေါတမဘုရား။
၁၀။ပဋ္ဌိသန္ဓေတည်ချိန် - မဟာသက္ကရာဇ် ( ၆၇ ) ခုနှစ်၊၀ါဆိုလပြည့် (ကြာသပတေးနေ့)။
၁၁။ဖွားတော်မူသောနေ့ - မဟာသက္ကရာဇ်( ၆၈) ခုနှစ်၊ကဆုန်လပြည့် (သောကြာနေ့)။
၁၂။ထီးနန်းဆက်ခံသောအသက် - ၁၆ နှစ်။
၁၃။နန်းစည်းစိမ်စံစားသောနှစ် - ၁၃ နှစ်။
၁၄။တောထွက်သောအသက် - ၂၉ နှစ်။
၁၅။ဒုက္ကရစရိယာကျင့်သောနှစ် - ၆ နှစ်။
၁၆။ဘုရားဖြစ်တော်မူသောအသက် - ၃၅ နှစ်။
၁၇။ဝါတော် - ၄၅ ၀ါ။
၁၈။ပရိနိဗ္ဗန်စံသောနှစ် - မဟာသက္ကရာဇ် (၁၄၈) ခုနှစ် ၊ ကဆုန်လပြည့် (အင်္ဂါနေ့)။
ကွဲပြား လိမ့်မယ်" ဟု ဟောတော်မူထားခဲ့ပါတယ်။ အဲဒီဗုဒ္ဓဘာသာ ငါးမျိုးကတော့......
(၁)။ ကုလ ဗုဒ္ဓဘာသာ
(၂)။ လာဘ ဗုဒ္ဓဘာသာ
(၃)။ ဘယ ဗုဒ္ဓဘာသာ
(၄)။ သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅)။ ပညာဓိက ဗုဒ္ဓဘာသာ
(၁)။ ကုလ ဗုဒ္ဓဘာသာ( မိရိုးဖလာဗုဒ္ဓဘာသာ)
ကုလ ဗုဒ္ဓဘာသာ ဆိုတာ ရိုးရာ ဗုဒ္ဓဘာသာ ကိုပြောတာပါ။ အမေအဖေက ဗုဒ္ဓဘာသာမို့
သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတာပါ။ မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။
မိဘက အစ္စလာမ်ဆိုရင် သားသမီးကလည်း အစ္စလာမ်။ ဒါကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့။
မိဘက ဗုဒ္ဓဘာသာ မို့သာ သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတယ် ဘုရားရှင် ဘာလို့
ပွင့်မှန်းမသိ။ ဘုရား ဘာတရားဟောမှန်းလည်း မသိ။ ကိုယ်ပြောတဲ့
ဗုဒ္ဓဘာသာဝင်ဆိုတာတောင်မှ ဘာပြောမှန်းမသိ။ ကိုယ်ကိုးကွယ်နေတဲ့ မြတ်စွာဘုရား
ဘာကြောင့်ကိုးကွယ်ရမှန်းလည်းမသိ။ တရားတော်ကို ဘာကြောင့်ကိုးကွယ်ရ မှန်းမသိ။
ဘုရားကို ဦးချတာ ဘာရည်ရွယ်ချက်နဲ့ ဦးချနေမှန်းကို မသိတာ။ ဘာကြောင့်ဒီလောက်
ရိုရိုသေသေနဲ့ အလေးပြုနေမှန်းကို မသိတာ။ လုပ်တော့ လုပ်နေတာပဲ အသိပညာ ဘာမှမပါတာ။
ကုလဗုဒ္ဓဘာသာပါ။
(၂) လာဘာဗုဒ္ဓဘာသာ
လာဘာဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို ဆိုလိုတာပါ။ ဒီဘဝ
စီးပွားရေးလေး တက်မလားဆိုပြီးတော့မှ ဘုရားကိုးကွယ်တာမှာ ရွေးပြီးတော့
ကိုးကွယ်တယ်။ ဒီဘုရားကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ်
ဟိုဘုရားကိုးကွယ်ရင်တော့ စီးပွားတတ်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘဗုဒ္ဓ ဘာသာပါ။
ဘုရားကိုးကွယ်မှ လာဘ်ပေါမယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့
လာဘ်ရွှင်နေတာလဲ။ အဓိက စီးပွားရေး ဖြစ်နေတယ်ဆိုတာ ဘုရားကြောင့်မဟုတ်ပါဘူး။
ကံဥာဏ်ဝီရိယ သတ္တိကြောင့်ပါ။
အရောင်းအ၀ယ်တစ်ခုလုပ်မယ်။ အိမ်ခြံဝင်းဝယ်မယ်။ ရောင်းမယ်။ အိမ်နေရာ
ပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ၊ ဘုရားကျောင်းဆောင် ပေါ်မှာ
ဘိုးတော်ပုံတွေ ဘွားတော်ပုံတွေ တင်ထားတာတွေ၊ ကိုးကြီးကျော် မနှဲလေး အစရှိတွေ
နတ်တွေ ကိုးကွယ်တာတွေ၊ ဗေဒင်တွေ ယုံကြည်ပြီး ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘ
လိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဝင်များကို လာဘာဗုဒ္ဓဘာသာ ဟုခေါ်ပါသည်။
(၃)ဘယ ဗုဒ္ဓဘာသာ(ကြောက်လို့ ကိုးကွယ်သော ဗုဒ္ဓဘာသာ)
ဘယဗုဒ္ဓဘာသာဆိုတာ ဘေးကို ကြောက်လို့ ကိုးကွယ်တာကို ခေါ်ပါတယ်။ အန္တရယ်ကင်းဖို့ ၊
ဘေးရှင်းဖို့၊ အသက်ရှည်ဖို့၊ ကျန်းမာဖို့ ၊ ဒီလိုအတွေးအခေါ် အယူအဆတွေနဲ့
ဘုရားကို ကိုးကွယ်တာကို ဘယဗုဒ္ဓဘာသာဟုခေါ်ပါသည်။ ဒီဘုရားကို ကိုးကွယ်မှ
အသက်ရှည်မယ်ဆိုရင် ဒီဘုရားကို မကိုးကွယ်တဲ့ ခရစ်ယာန်တွေ အစလာမ်တွေ အသက်ရှစ်ဆယ်
တစ်ရာကျော်တွေ ရှည်နေကြတာ ဘာလို့ပါလဲ။
ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလဗုဒ္ဓဘာသာ၊လာဘ်လာဘာ လိုချင်ပြီး ကိုးကွယ်တာ လာဘ်လာဘ
လိုချင်ပြီး ကနားတွေပေးတာ လာဘဗုဒ္ဓဘာသာ၊ ဘေးကြောက်ပြီး အကိုးကွယ်တွေ မှားနေတာ
ဘယဗုဒ္ဓဘာသာ။ ဒီကုလ၊လာဘ၊ ဘယဗုဒ္ဓဘာသာ သုံးမျိုးကို အောက်တန်းစားဗုဒ္ဓဘာသာဟု
ခေါ်ပါသည်။
ဟိုလူမပါ၊ ဒီလူမပါ၊ ဟိုလူပသပါတယ်။ ဒီလူပသပါတယ်။ လက်ညှိုးထိုး ခွက်လှန်
လုပ်နေတာတွေကို မြတ်စွာဘုရားက သူတောင်းစား ဗုဒ္ဓဘာသာပါတဲ့။
ခန္ဓာကိုယ်မှာ အသိ၊ဘာသာရေးအသိဓာတ်ခံ အားနည်းတော့ လိမ်စားနေတဲ့ သူတွေက
လိမ်လို့ကောင်းနေပါတယ်။ ဘုရားလည်း ကိုးကွယ်ရသေး၊ တရားလည်း ကိုးကွယ်ရသေး၊
ဆွမ်းဦးကိုလည်း လောင်လှူရသေး သာသနာတော်ကိုလည်း သင်္ကန်း ဆွမ်းကျောင်းဆေး ၊
ပစည်းလေးပါးနဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး။ ဘာအတွက် ဒါတွေ လုပ်နေရတာလဲ ဘာအတွက်
သာသနာကို ချီးမြှောက်နေတာလဲ၊ ဘာအတွက် ကျောင်းဆောက်နေတာလဲ ။ စဉ်းစားပါ၊ ဝေဖန်ပါ၊
သုံးသပ်ပါ။
(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
သဒ္ဓါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဓါတရားကို အရင်းခံပါတယ်။ သဒ္ဓါတရားဆိုတာ ယုံကြည်ချက်ပါ။
ဘုရား၊တရား၊ သံဃာာကို တကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။ ဘုရား၊ တရား၊ သံဃာကို
ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဓါ နဲ့
မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဓါဆိုပြီး နှစ်မျိုးရှိပါတယ်။
သမ္မာသဒ္ဓါဆိုတဲ့ မှန်မှန်ကန်ကန်ယုံကြည်ချက် ဆိုတာ သစ္စာာတရား သိတော်မူတဲ့
မြတ်စွာဘုရားဟာ ဝေနေယျ သတ္တ၀ါတွေကို သူသိသကဲ့သို့ မေတ္တာ ဂရုဏာတော်အပြည့်နဲ့
သစ္စာာလေးချက် အနက်ကို ဟောကြားတော်မူခဲ့ပါတယ်။ ဒီတရားတော် အနက်တွေကို
ပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီးတွေဟာ
နိဗ္ဗာန်ဝင်စံသွားကြပါတယ်။ နိဗ္ဗာန်ဆိုတာ အိုနာသေ လွတ်ရာပါ။ "အသေလွတ်ရာ ပြတတ်လို့
မြတ်စွာဘုရားအား ကိုးကွယ်ပါ၏" ဆိုတဲ့ ယုံကြ ည်ချက်ဟာ မှန်သောယုံကြည်ချက်။
တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ။ မြတ်စွာဘုရားဟော်တော်မူခဲ့တဲ့ တရားတော်ကို
ကြိုးစားမယုတ် ပွားများအားထုတ်လိုက်လို့ တရားလမ်းကြောင်းအတိုင်း
မဂ္ဂင်လမ်းအတိုင်းသာ လျှောက်သွားရင် နှိဗ္ဗာန်ရောက်ပါမည်။ ထိုအသေလွတ်ရာ
ပို့ဆောင်တာဟာ တရားက ပို့ဆောင်တာပါ။ ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ပါဘူး။
တရားတော်ကို မှန်သောယုံကြည်မှု။
ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာာရဲ့  ကျေးဇူးပါ။
ဘုရားရှင် ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊ သုတ်ဝိနည်း
အဘိဓမ္မာတရားတွေ ဒီတရားတွေကို သံဃာာတော်တွေက ဆောင်ထားတာပါ။ ပိဋကသုံးပုံကို
သံဃာတော်တွေက စောင့်ရှောက်ထားတာပါ။ သံဃာာတော်ကို ယုံကြည်မှု။
ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန်ယုံကြည်တဲ့ သမ္မာသဒ္ဓါ ယုံကြည်မှု။
မိစ္ဆာသဒ္ဓါယုံကြည်မှုက လာဘ်လာဘပေါတယ်။ အန္တရာယ်ကင်းတယ် ဆိုပြီး
ကိုးကွယ်ယုံကြည်နေတာဟာ မိစ္ဆာသဒ္ဓါ။ လာဘ်လာဘပေါတယ်ဆိုတဲ့ လာဘဗုဒ္ဓ
ဘာသာယုံကြည်ချက်၊ အန္တရာယ်ကင်းအောင်ဆိုပြီး ဘယဗုဒ္ဓဘာသာတွေရဲ့  ယုံကြည်မှု
ဗုဒ္ဓရဲ့  ဂုဏ်တော်ကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့
ကုလဗုဒ္ဓဘာသာတွေရဲ့  ယုံကြည်မှု ဒါတွေက မိစ္ဆာသဒ္ဓါတွေပါ။
အသေလွတ်ရာလမ်းကို ပြတတ်လို့၊ အသေလွတ်ရာကို ပို့ဆောင်နိုင်လို့ ၊ အသေလွတ်ရာ
တရားကို ဆောင်ထားနိုင်လို့ ရတနာသုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့ သမ္မာသဒ္ဓါ ။
အနှစ်သာရမရှိတာကို မရှိဘူးလို့ သိတယ်။ အနှစ်သာရ ရှိတာကို ရှိတယ်လို့ သိတယ်။
မှားတာကို မှားတယ်လို့သိတယ်။ မှန်တာကို မှန်တယ်လို့ သိတယ်။ သိတဲ့အပြင်၊
အမှားလမ်းကို ရှောင်၊ အမှန်လမ်းကို ဆောင်တာသည့် သမ္မာသဒ္ဓါ ရှိတဲ့ သဒ္ဓါဓိက
ဗုဒ္ဓဘာသာပါ။
(၅)ပညာဓိက ဗုဒ္ဓဘာသာ
ပညာဓိက ဗုဒ္ဓဘာသာဆိုတာ သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ခေါ်တာပါ။ သဒ္ဓါဓိက
ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ်။ တရားတော်ကို ဘယ်လိုယုံတာလည်း ဆိုတော့
ရမ်းယုံတာမဟုတ်ဘဲ ခန္ဓာသိနဲ့ အသေအချာ သိပြီး ယုံတယ်။ ထိုသို့ သိတာကို ပညာဟု
ခေါ်ပါတယ်။ သစ္စာလေးပါးတရားတော်ကို အသေအချာ ပညာသိနဲ့ သိတဲ့ ဗုဒ္ဓဘာသာ၊
ဖြစ်မှုပျက်မှုတွေကို သိတဲ့ဗုဒ္ဓဘာသာ ဖြစ်ပျက်မြင်တာ ခန္ဓာက မြင်တာလား
ပညာကမြင်တာလားဆိုတော့ ပညာက မြင်တာပါ။ ပညာဓိက ဗုဒ္ဓဘာသာပါ။ ဘုရားက
မင်းတို့ခန္ဓာထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတယ် လို့ ဟောခဲ့ပါတယ်။ ဒါကို
ကိုယ်တိုင် သစ္စာတရားတော်ကို သေချာသိပြီး ကျင့်ကြည့်လိုက်တော့ မြင်တယ်။
ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ ယုံကြည်တာက သဒ္ဓါ၊ ဖြစ်ပျက်မြင်တာက ပညာ။
ထို့ကြောင့် သဒ္ဓါနဲ့ ပညာ သွားပြီး တွဲနေပါတယ်။ သဒ္ဓါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။
သဒ္ဓါတရား မှန်မှန်ကန်ကန် နဲ့ သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ
ကူးမြောက်နိုင်၏။
တို့မှာ အပါယ်မျိုးစေ့တွေ၊ အပါယ်ကျကြောင်းကံတွေ လုပ်ထားတာရှိတယ်။ ဒါတွေကို
ဘယ်သူမှ ၀င်တားလို့ မရပါဘူး။ သူ့ကိုတားချင်ရင်၊ သူ့ကို အကျိုးမပေးစေချင်ရင်
ဘာနဲ့ ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့ ဖြတ်ရပါမယ်။ ဥာဏ်နဲ့ ဖြတ်လိုက်လို့
ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဓါလည်း ပါတယ်၊ ပညာလည်း ပါပါတယ်။ ဒါသည်
သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။
သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်းစား ဗုဒ္ဓဘာသာပါ။
(ဒီဗုဒ္ဓဘာသာငါးမျိုး အကြောင်းကို အရှင်ဇောတိသာရ(စဥ့်ကူး) ရေးသားပူဇော်သည့်
မိုးကုတ်မြို့  ကုန်းမြင့်သာယာရပ် ဓမရံသီရိပ်သာ ပဓာန နာယက ကမဋ္ဌာနစရိယ
နယ်လှည့်ဓမ္မကထိက ဆရာတော် ဘဒ္ဒန္တ သုနန္ဒ ဟောကြားတော် မူအပ်သော ဗုဒ္ဓဘာသာငါးမျိုး
နှင့် သစာလေးပါး တရားတော် စာအုပ်မှ ကောက်နှုတ်ဖော်ပြခြင်း ဖြစ်ပါတယ်။ အကျယ်ကို
သိလိုပါက ထိုစာအုပ်တွင်ထပ်ပြီး လေ့လာနိုင်ပါကြောင်း။ အားလုံးပဲ
ကျန်းမာပျော်ရွှင် ကြပါစေ။)
ကဆုန်လပြည့် (၅) နေ့
(၁) ဗျာဒိတ်ယူသည့်နေ့ = လေး သင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။
(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် - ၆၈၊ ကဆုန်လပြည့်။ (သောကြာနေ့)
(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် - ၁၀၃၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)
(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် - ၁၀၄၊ ကဆုန်လပြည့်။
(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် - ၁၄၈၊ ကဆုန်လပြည့် ။ (အင်္ဂါနေ့)
(ကဆုန်လပြည့်၊ ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပရခြင်း အထိမ်းအမှတ်သည် ဘုရား၏ ပရိဘောဂစေတီ ကို စုပေါင်းပူဇော်ပြီး ညောင်ပင်အသက်ရှည် စိမ်းလန်းစိုပြေသကဲ့သို့သာ သနာတော် သန့်ရှင်း၊ တည်တံ့၊ ပွားများ နိုင်ရန်)
ဝါဆိုလပြည့် (၅) နေ့
(၁) ပဋိသန္ဓေတည်သည့်နေ့ = မဟာသက္ကရာဇ် - ၆၇၊ ၀ါဆိုလပြည့်။(ကြာသပတေးနေ့)
(၂) တောထွက်သည့်နေ့ = မဟာသက္ကရာဇ် - ၉၇၊ ၀ါဆိုလပြည့်။(တနင်္လာနေ့)
(၃) ဓမ္မစကြာတရားဦး = မဟာသက္ကရာဇ် - ၁၀၃၊ ၀ါဆိုလပြည့်။(စနေနေ့)
(၄) သောတာပန်လူသား စပေါ်သည့်နေ့ = မဟာသက္ကရာဇ် - ၁၀၃၊ ၀ါဆိုလပြည့်။ (စနေနေ့)
(၅) သံဃာရတနာစပေါ်သည့်နေ့ = မဟာသက္ကရာဇ် - ၁၀၃၊ ၀ါဆိုလပြည့်။ (စနေနေ့)
သီတင်းကျွတ်လပြည့်နေ့
(၁) ဘုရားရှင်သည် မယ်တော်မိနတ်သားအား ၀ါတွင်းသုံးလလုံးအဘိဓမ္မာတရား ဟောကြားခြင်း၊
(၂) မိဘအားကျေးဇူးဆပ်အပြီး လူ့ပြည်ဆင်းစဉ် လူသားများဆီမီးဖြင့် ပူဇော်ကန်တော့ခြင်းကို အစွဲပြုပြီး မီးဖြင့် ကန်တော့ကြသည်။ ဗုဒ္ဓအလိုတော်ကျမှာ
- အဘိဓမ္မာတရားတော် ပြန့်ပွားနားလည်အောင်လုပ်ရန်။
- မိဘနှင့်ကျေးဇူးရှင်များကို ကျေးဇူးဆပ်ကန်တော့ရန်။
(လွန်ကဲသော မီးထွန်းခြင်း၊ ဥပမာ - အိမ်သာမကျန် နှင့် ဗျောက်အိုးနှင့် မီးရှူးမီးပန်းများဖောက်ကြခြင်းသည် မိမိတို့၏ ထုံးတမ်းအစဉ်အလာအရ လုပ်ကြခြင်းဖြစ်သည်။)
တပို့တွဲလပြည့်နေ့
ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်ကျောင်းတိုက်၌ ရဟန္တာပေါင်း ၁၂၅၀ တက်ရောက်သော ‘ပထမသံဃသန္နိပါတ’ ပထမဆုံးသံဃာ့အစည်းအဝေးကျင်းပပြီး ဘုရားအဆူဆူ ဆုံးမစကား သြ၀ါဒပါတိမောက် ချီးမြှင့်သောနေ့ဖြစ်ပြီး လက်ျာရံ အဂ္ဂသာဝက အရှင်သာရိပုတ္တရာနှင့် လက်ဝဲရံ အဂ္ဂသာဝက အရှင်မောဂ္ဂလာန်တို့အား ရာထူးအပ်နှင်း သောနေ့ဖြစ်သည်။
သြ၀ါဒပါတိမောက်၏ အနှစ်ချုပ်မှာ -
(၁) လွန်စွာ ချုပ်တည်းခြင်းတည်းဟူသော သည်းခံခြင်းသည် အလွန်မြင့်မြတ်သော အကျင့်ပေတည်း။
(၂) မိမိစိတ်ကို သန့်ရှင်းဖြူစင်စေရာ၏။
(၃) ထူးမြတ်သောအကျင့်၌ လွန်စွာအားထုတ်ရာ၏။
ဓမ္မစကြာတရားတော်
ဘုရားအလောင်းတော်သည် (၂၉)နှစ်ထိ ကာမဂုဏ်အာရုံတို့ဖြင့် ပျော်ပါးနေခဲ့သော ‘ကာမသုခလ္လ’ိကာနု ယောဂလက်ယာစွန်းရောက်နေစဉ် လောဘကိုသာ ဖြစ်စေပြီး၊ (၂၉) နှစ်မှ (၃၅) နှစ်အထိ (၆) နှစ်လုံးလုံး ခန္ဓာကိုယ်ကို အမျိုးမျိုးနှိပ်စက်ညှင်းဆဲပြီးကျင့်သော ဒုက္ကရစရိယာအကျင့် ‘အတ္တကိလမထာနုယောဂ’ လက်ဝဲ စွန်း ရောက်နေစဉ် ဒေါသကိုသာဖြစ်စေသဖြင့် တရားမရဖြစ်နေသောကြောင့် ၄င်းအစွန်းနှစ်ပါးကိုရှောင်ပြီး ‘မဇ္စျိမပဋိပဒါ’ (ခေါ်) မဂ္ဂင်ရှစ်ပါးအကျင့်ကို ကျင့်မှသာလျှင် သစ္စာလေးပါး ကို သိမြင်နိုင်သော တရားဖြစ်သည်ဟု ဟောကြားသော တရားဖြစ်သည်။
(၁) သစ္စာလေးပါးတို့ကို မသိခြင်း 'အဝိဇ္ဇာ'ဟူသော အကြောင်းကြောင့် ပြုပြင်စီရင်မှု 'သင်္ခါရ' တို့ ဖြစ်ကုန်၏။
(၂) ပြုပြင်စီရင်မှု 'သင်္ခါရ'ဟူသော အကြောင်းကြောင့် သိမှု 'ဝိညာဏ်' သည် ဖြစ်၏။
(၃) သိမှု 'ဝိညာဏ်'ဟူသော အကြောင်းကြောင့် 'နာမ်ရုပ်' သည် ဖြစ်၏။
(၄)'နာမ်ရုပ်'ဟူသော အကြောင်းကြောင့် 'အာယတန' ခြောက်ပါးသည် ဖြစ်၏။
(၅) 'အာယတန' ခြောက်ပါးဟူသော အကြောင်းကြောင့် တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏။
(၆) တွေ့ထိမှု 'ဖဿ'ဟူသော အကြောင်းကြောင့် ခံစားမှု 'ဝေဒနာ'သည် ဖြစ်၏။
(၇) ခံစားမှု 'ဝေဒနာ'ဟူသော အကြောင်းကြောင့် တပ်မက်မှု 'တဏှာ'သည် ဖြစ်၏။
(၈) တပ်မက်မှု 'တဏှာ'ဟူသော အကြောင်းကြောင့် စွဲလမ်းမှု 'ဥပါဒါန်' သည် ဖြစ်၏။
(၉) စွဲလမ်းမှု 'ဥပါဒါန်'ဟူသော အကြောင်းကြောင့် 'ဘဝ'သည် ဖြစ်၏။
(၁ဝ)'ဘဝ'ဟူသော အကြောင်းကြောင့် ပဋိသန္ဓေနေခြင်း 'ဇာတိ' သည် ဖြစ်၏။
(၁၁) ပဋိသန္ဓေနေခြင်း 'ဇာတိ'ဟူသော အကြောင်းကြောင့် အိုခြင်း 'ဇရာ', သေခြင်း 'မရဏ' သည်ဖြစ်၏။
(၁၂) အိုခြင်း 'ဇရာ', သေခြင်း 'မရဏ'ဟူသော အကြောင်းကြောင့် စိုးရိမ်ပူဆွေး ခြင်း 'သောက'၊ ငိုကြွေးခြင်း 'ပရိဒေဝ'၊ ကိုယ်ဆင်းရဲခြင်း 'ဒုက္ခ'၊ စိတ်ဆင်းရဲခြင်း 'ဒေါမနဿ'၊ ပြင်းစွာပူလောင်ခြင်း 'ဥပါယာသ' တို့သည် ဖြစ်ကုန်၏။ ဤဆိုခဲ့ပြီး သောနည်းဖြင့်ချမ်းသာနှင့် မရောသော ဤဆင်းရဲမှု အစုအပုံ၏ ထင်ရှားဖြစ်ပေါ် ခြင်းသည် ဖြစ်၏။
ပဋိစ္စသမုပ္ပါဒ်သုတ္တန်နည်း-မှ၊ ဝိဘင်္ဂင်္ပါဠိတော်၊ အဘိဓမ္မာပိဋက။
ဗုဒ္ဓဓမ္မ နှလုံးလှ
မြတ်စွာဘုရား၏ တရားတော်များအရ ဤ ခန္ဓာကိုယ် ကြီးသည် ပထ၀ီ၊ အာပေါ၊ ၀ါယော၊ တေဇော ဟူသော မြေ၊ ရေ၊ လေ၊ အပူအအေး ဓာတ်လေးပါး အစုအဝေးသာ ဖြစ်ပါသည်။ ဓါတ်လေးပါး အစုအဝေးသည် “ရုပ်” ဖြစ်၍ ခံစားတတ်ခြင်းသည် “နာမ်” ဖြစ်ပါသည်။ ရုပ်၊ နာမ် နှစ်ပါးမှလွဲ၍ သူ၊ ငါမရှိပါ။ ရုပ်နာမ် နှစ်ပါးသည် အစဉ်သဖြင့် ဖြစ်လိုက်၊ ပျက်လိုက် ဖေါက်ပြန် ပြောင်းလဲ နေပါသည်။ ဤ ဖြစ်ပျက် ဖောက်ပြန်မှု သဘာဝကို အမှန်တရား “ငါ” စွဲ-မ-စွဲပဲ သိမြင်ခြင်းသည် ပညာသိ ဖြစ်ပါသည်။ ငါနာသည်၊ ငါကျင်သည်၊ ငါလှုပ်သည်ဟု “ငါ” စွဲနေခြင်းကို သညာသိဟု ခေါ်ပါသည်။ ယင်းကဲ့သို့ “ငါ” စွဲ စွဲနေခြင်းကို ပညာသိနှင့် ဖြုတ်ချရန် အတွက် တရားထိုင်နေခြင်း ဖြစ်သဖြင့် ဓာတ်ကြီးလေးပါး၏ လက္ခဏာ သဘာဝများကို သိရှိ၊ သဘောပေါက်ထားရန် လိုအပ်ပါသည်။
ပထ၀ီဓာတ် တည်းဟူသော မြေဓာတ် လက္ခဏာသည် ခက်မာခြင်းနှင့် နူးညံ့ခြင်းများ ဖြစ်ပါသည်။ တရားထိုင် သောအခါ ဖြစ်ပေါ်လာသော နာကျင်ကိုက်ခဲခြင်း တို့သည် ပထ၀ီဓာတ် ဖောက်ပြန်ခြင်း ဖြစ်သည်။ ယင်းဓာတ်၏ ဖောက်ပြန် ခြင်းသည် အခြားဓာတ် သုံးပါးထက် ပို၍ ပြင်းထန်ပါသည်။
အာပေါဓာတ် တည်းဟူသော ရေဓာတ် လက္ခဏာသည် ဖွဲ့စည်းမှုနှင့် ယိုစီးမှု လက္ခဏာများ ဖြစ်သည်။ ရေနှင့် ရေခဲသဘောမျိုး ဖြစ်သည်။ ပါးစပ်အတွင်းမှ သွားရေများ စီးထွက်ခြင်း၊ ချွဲကြပ်ခြင်း၊ နှာရည်ယိုခြင်း၊ မျက်ရည်ထွက်ခြင်း ချွေးထွက်ခြင်း တို့သည် အာပေါဓာတ် ဖေါက်ပြန်သော လက္ခဏာများ ဖြစ်သည်။
ဝါယော တည်းဟူသော လေဓာတ်၏ လက္ခဏာမှာ ထောက်ကန်ခြင်းနှင့် လှုပ်ရှားခြင်း အမူအရာ လက္ခဏာ ဖြစ်သည်။ တရားထိုင်နေစဉ် ခန္ဓာကိုယ်သည် ရှေ့နောက် သော်လည်းကောင်း၊ ဆန်ကောဝိုင်း ကဲ့သို့လည်းကောင်း၊ လှုပ်ရှားနေခြင်း၊ ခြေလက်အင်္ဂါများ ပရမ်းပတာလှုပ်ခြင်း၊ ခန္ဓာကိုယ်အတွင်း၌ လေမုန်တိုင်း တိုက်ခတ်သ ကဲ့သို့ ခံစားရခြင်း အစရှိသည့် လက္ခဏာများသည် ၀ါယောဓာတ် ဖေါက်ပြန်သော သဘော လက္ခဏာ ဖြစ်သည်။
တေဇော တည်းဟူသော အပူ အအေးဓာတ် လက္ခဏာသည် တရားထိုင်နေစဉ် အအေးခန်း ၀င်သကဲ့သို့ ခန္ဓာကိုယ် အေးလာခြင်း၊ နေပူထဲ လမ်းလျှောက် ရသကဲ့သို့ ခန္ဓာကိုယ် ပူလာခြင်း၊ မီးစနှင့် ထိုးသကဲ့သို့ တစ်နေရာတွင် ကွတ်၍ အပြင်းပူခြင်း၊ တစ်ကိုယ်လုံး မီးလောင်သကဲ့သို့ ပူလာခြင်း၊ ရေခဲတုံးကြီးပေါ် တက်ထိုင် နေရသကဲ့သို့ အေးတက်လာခြင်း အစရှိသည့် သဘော လက္ခဏာ များသည် တေဇောဓာတ် ဖေါက်ပြန်မှုများ ဖြစ်ပါသည်။
လူတိုင်း လူတိုင်းသည် တစ်နေ့ သောအခါ ဓါတ်လေးပါး အနက် တစ်ပါးပါးက ဦးဆောင် ဖောက်ပြန် သောကြောင့် ခန္ဓာကြွေပျက်ပြီး သေဆုံးရမည်မှာ အမှန်ပင် ဖြစ်သည်။
မြန်မာလူမျိုးတို့၏တိုးတတ်မှုမှန်သမျှသည် ဗုဒ္ဓ၀ါဒ၌သာအခြေခံ၍ ဗုဒ္ဓသာသနာဆုတ်ယုတ်ခြင်းသည် မြန်မာလူမျိုးတို့၏ကျရှုံးခြင်းပင် ဖြစ်ပါတော့သည်။
အသီးသီးတတ်သော သစ်ပင်တို့သည် အသီးတို့ဖြင့် သတ္တ၀ါတို့ကို ကျေးဇူးပြုတတ်ကုန်၏၊
မြစ်ချောင်းတို့သည် ရေဖြင့် သတ္တ၀ါတို့ကို ကျေးဇူးပြုကုန်၏၊ နွားမတို့သည်
နို့ရည်ဖြင့် လူတို့ကို ကျေးဇူးပြုကုန်၏၊ နွားထီးတို့သည်လည်း
ကောက်ပဲသီးနှံတို့ဖြင့် လူတို့ကို ကျေးဇူးပြုကုန်၏၊ “နေ” သည်
နွေးသောရောင်ခြည်ဖြင့် လူတို့ကို ကျေးဇူးပြု၏၊ “လ” သည်လည်း
အေးမြသောရောင်ခြည်ဖြင့် လူတို့ကို ကျေးဇူးပြုကုန်၏၊ ဤသို့လျှင် လူတို့သည်
လူအချင်းချင်း ကျေးဇူးပြု ကောင်းကျိုးပြုရမည်သာ ဖြစ်သည်။
မြေကြီးပေါ် ရောက်လာသောလူတို့သည် လူ့လောကကို ကျေးဇူးပြုမှ
ဤကမ္ဘာမြေပေါ်ဝယ်နေရကျိုးနပ်မည်၊ လူတို့သည် အထက်ဖေါ်ပြပါ ကျေးဇူးပြုတတ်သော
အရာဝတ္ထူတို့နှင့် လုံးလုံးမတူ ထူးခြားသည်သာဖြစ်၏။ အကြောင်းအကျိုးကို နားလည်သည်၊
အကောင်းအဆိုးကို သိမြင်သည်၊ ဆင်ခြင်တုံးတရားရှိသည်၊ ထို့ကြောင့်
ကံကောင်းထောက်မ၍ ရခဲစွာလှ လူ့ဘ၀ကို ရကြသူတို့သည် စဉ်းစားဆင်ခြင်ရန်မှာ “ငါသည်
လူသားတို့အတွက် ဘာတွေကို ထားပြစ်ခဲ့မလဲ” “ငါသည် ငါ့အတွက် ဘာတွေကို ယူသွားမလဲ”၊
ဤအချက်ကို အလေးအနက် လူသားတိုင်း စဉ်းစားဆင်ခြင်အပ်လေသည်။
သိဒ္ဓတ္ထဂေါတမ မြတ်ဗုဒ္ဓသည် အရိုးကြေကြေ အရေဆုပ်ဆုပ် အားထုတ်တော်မူ၍
သတ္တလောကကြီးအတွက် ဓမ္မတစ်ခု ထားရစ်ခဲ့လေသည်၊ သတ္တ၀ါအားလုံးစားသုံး၍
မကုန်နိုင်အောင် ရှိပေသည်။ လောက၌ ကံစွမ်း ဥာဏ်စွမ်း ၀ီရိယစွမ်း ရှိသူတို့ကား
ရှားပါးကုန်၏၊ ကံစွမ်း ဥာဏ်စွမ်း ၀ီရိယစွမ်း နည်းပါးသူတို့သာ များပြားကုန်၏။
ကံစွမ်း ဥာဏ်စွမ်း ၀ီရိယစွမ်း ကြီးမားသူတို့သည် ကံ ဥာဏ် ၀ီရိယအား
နည်းပါးသူတို့၏ မှီခို အားထားရာ ဖြစ်သင့်ပေသည်။
မြက်နုရာ” ဆိုသော စကားမျိုးဖြစ်သည်။ ဤစကားရပ်၌ မိမိနေသောအရပ်၌ ရေနောက်လျှင်
ရေကြည်ရှိရာ အရပ်သို့ သွားရမည်။ မိမိနေသော အရပ်၌ သစ်ပင် မြက်ပင်တို့
ခြောက်သွေ့လျှင် စိမ်းစိုသော အရပ်သို့ သွားရမည် ဟု ဆိုလိုဟန်ရှိသည်။
တကယ်ဖြစ်သင့်သည်ကား မကြည်သောရေကို ကြည်အောင်လုပ်ရမည်။ မနုသောမြက်တို့ကို
နုအောင်စိုက်ပျိုးရမည်၊ ပူပြင်းခြောက်သွေ့ ရေရှားပါးသော အရပ်ကို
စိမ်းလန်းစိုပြေအောင် သောက်ရေ သုံးရေရအောင် လုပ်ရမည်ဟုသာ မိမိခံယူသည်။
ဤခံယူချက် ဤဆုတောင်းများကြောင့် ယနေ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင်
ရေအလှူ၊ ဆေးအလှူ၊ ကျောင်းအလှူ၊ ကျောင်းသုံးပရိဘောဂအလှူ ဆေးရုံအလှူတို့ကို
အတော်အတန် လှူဖြစ်ခဲ့လေပြီ။ ဆက်လက်၍ တောင်းလိုသော ဆုတောင်းသည်ကား “ကာမ၏
ကျေးကျွန်အဖြစ် ဘယ်ဘ၀မှာမှ မဖြစ်ရပါလို။ သာသနာတော်၏ကျေးကျွန်သာဖြစ်ရပါလို၏၊
ငါတည်းဟူသော အကြောင်းကြောင့် သူတပါးတို့ ဒုက္ခမဖြစ်ကြပါစေနှင့်၊
ဆင်းရဲဒုက္ခရောက်သူတို့ကို ငါ အစွမ်းရှိသလောက် စောင့်ရှောက်နိုင်ရပါလို၏” ။
*ဒေါက်တာအရှင်ဉာဏိဿရ (အဂ္ဂမဟာပဏ္ဍိတ၊ Ph.D., D.Litt.)*
*အဓိပတိဆရာတော်
သီတဂူ ရေအလှူတော်၊သီတဂူ အာယုဒါနဆေးရုံ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
စစ်ကိုင်းတောင်ရိုး။
မြတ်စွာဘုရားရှင်၏ ဂုဏ်ပုဒ်အမည်တိုင်းရဲ့ 
နောက်ကွယ်မှာ ကြည့်ညိုလေးမြတ်ဖွယ်
လိုက်နာတုကျင့်ဖွယ် အဓိပ္ပါယ်အနှစ်တွေက
နက်ရှိုင်းစွာ ကိန်းဝပ်နေတာမို့
ကိုယ့်စိတ်ဓါတ်နဲ့ ကိုယ့်လုပ်ရပ်ကို
အသန့်စင်ဆုံး၊ အမြင့်မြတ်ဆုံးတည်ဆောက်လိုသူတိုင်း
မြတ်စွာဘုရားရှင်ရဲ့  ဂုဏ်ပုဒ်တွေကို
နှလုံးသားထဲမှာ အမြဲတမ်း ဖော်ထုတ်ဆင်ခြင်နေသင့်ပါတယ်။
(၁) ကာလေန ဓမ္မသာဝန - အခါအားလျော်စွာ တရားနာခြင်း။
(၂ ) ကာလေန ဓမ္မသာကစ္ဆာ - အခါအားလျော်စွာ တရားဆွေးနွေးခြင်း။
(၃) ကာလေန သမ္မသနာ - အခါအားလျော်စွာ မိမိ သိရှိထားပြီးသော တရားသဘောများကို ကောင်းစွာ သုံးသပ်ခြင်း၊ ပြန်လည် ဆင်ခြင် စဉ်းစားခြင်း။
(၄) ကာလေန ၀ိပဿနာ - အခါအားလျော်စွာ ရှေ့ နောက် ဆက်စပ် သတိကပ်၍ ခန္ဓ၏ "အဖြစ်_အပျက်" ကို ရှုမှတ်ပွားများခြင်း။
''ဤလောက၌ ငါတို့ သည် မုချမသွေ သေဆုံးကြရမည်သာ ဖြစ်၏'' ဟူ၍ မသိကြကုန်သော သူမိုက်တို့ အတွက် ငြင်းခုန်ကွဲပြား ခိုက်ရန်များခြင်းသည် မပြေငြိမ်း။
ထိုသို့ သိသော ပညာရှိတို့ အတွက်ကား၊ ထိုသို့ သိခြင်းကြောင့် ခိုက်ရန်ဖြစ်ပွား ငြင်းခုန်ကွဲပြားခြင်းတို့ သည် ပြေငြိမ်းကုန်၏။
(ဓမ္မ_ကော သမ္ဗီရဟန်းများ ၀တ္ထု)
အသေလှကြောင်း အကြောင်းတရား (၄)ပါး
(၁) အစွဲကင်းခြင်း။ (ချစ်ခြင်း၊မုန်းခြင်း အစွဲ။)
(၂) တစ်ကိုယ်ကောင်းမဆန်ခြင်း။ (အများအကျိုးအတွက် ဆောင်ရွက်ခြင်း။)
(၃) ကုသိုလ်ပူနွေးခြင်း။ (ကုသိုလ်ကောင်းမှုတို့ ကို မမေ့ မလျော့ ပြုလုပ်ခြင်း။)
(၄) ယုံမှားကင်းခြင်း။ (အသိအမြင် မှန်ကန်ခြင်း။)
ဘုရားတပည့်တော်သည် သံသရာအစမှ စ၍ ယနေ့ တိုင်အောင်
၁။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးတို့ ၏အပေါ်၌ လည်းကောင်း။
၂။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါ အရှင်ကိုယ်တော်မြတ်ကြီးတို့ ၏ အပေါ်၌ လည်းကောင်း။
၃။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂ္ဂသာဝက-မဟာသာဝက ရဟန္တာ အရှင်မြတ်ကြီးတို့ ၏ အပေါ်၌ လည်းကောင်း။
၎။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာ အရှင်မြတ်ကြီးတို့ ၏ အပေါ်၌ လည်းကောင်း။
၅။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင်တို့ ၏ အပေါ်၌ လည်းကောင်း။
၆။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဖခင်တို့ ၏ အပေါ်၌ လည်းကောင်း။
ရ။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန်ကျိုးကြောင်းပြ၍ ဆုံးမတတ်သော ဆရာသမားတို့ ၏ အပေါ်၌ လည်းကောင်း။
၈။ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ ကို ဆည်းပူးဖြည့်ကြံလျှက်ရှိကြကုန်သော လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၊ အရိယာ ပုဂ္ဂိုလ်တို့ ၏ အပေါ်၌ လည်းကောင်း။
၉။ တရား ဓမ္မကို ဟောပြောပြသ ဆုံးမတတ်သော ဆရာသမားတို့ ၏ အပေါ်၌ လည်းကောင်း။
၁၀။ ထမင်းတစ်လုတ်၊ ရေတစ်မုတ် စသည်ဖြင့် ပေးကမ်းချီးမြှင့်ဖူးသော ကျေးဇူးရှင် ပုဂ္ဂိုလ်တို့  ၏ အပေါ်၌ လည်းကောင်း။
ကာယကံ၊၀စီကံ၊မနောကံ သုံးပါးသောကံတို့ ဖြင့် ပြစ်မှားမိသည်ရှိသော် ထိုအပြစ်တို့ သည် ပျောက်ပါစေခြင်း အကျိုးငှာ ရိုသေမြတ်နိုးလက်ဆုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။
ဤသို့ ကန်တော့ရသော အကျိုးအားကြောင့် အလုံးစုံသောအန္တရာယ်ပေါင်းမှ ကင်းဝေးပြီးလျှင် မြတ်စွာဘုရားရှင်ဟောကြားတော်မူသော သစ္စာတရားလေးပါး မြတ်တရားကို ကောင်းစွာသိမြင်၍ နိဗ္ဗါန်သို့ စံဝင်နိုင်သောကိုယ် ဖြစ်ရပါစေသား အရှင်ဘုရား။
ခင်ပွန်းကြီးဆယ်ပါးပြစ်မှားလျင် သင့်တတ်ဒဏ်ဆယ်ပါး
သွေးအန်ဖြစ်လွယ်၊ ရောင်းဝယ်ရှုံးခြင်း၊ ချို့ယွင်းအင်္ဂါ၊ နူနာကုဋ္ဌ၊
ရူးကြဖောက်ပြန်၊ မင်းဒဏ်သင့်ခဏ်း၊
ကြမ်းတမ်းစွပ်စွဲ၊ သေကွဲသားချင်း၊
ပျက်ခြင်းစည်းစိမ်၊ နေအိမ်မီးလောင်၊ ဒုက္ခကောင်သည်၊ လူ့ဘောင်ဒိဋ္ဌ၊
တွေ့ကြုံရ၍၊ သေကငရဲ၊ ကမာစွဲ၏။
ဤဒဏ်ဆယ်ပါးအပြင် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကိုလည်း တားနိုင်ပါသည်။
ထေရ၀ါဒဗုဒ္ဓဘာသာ၏ ရည်ရွယ်ချက်ပန်းတိုင်ကား မဂ်ဥာဏ် ၊ ဖိုလ်ဥာဏ်ကိုရကာ နိဗ္ဗာန်ကို မျက်မှောက်ပြုရေးပင် ဖြစ်ပါ၏ ။ လောက၌ ဘုရားပွင့်တော်မူခြင်းကလည်း ၄င်းရည်ရွယ်ချက်ကြောင့်ပင်ဖြစ်၏ ။ ထို့ကြောင့်လည်း စလင်းကန်လယ်ဆရာတော်ဘုရားကြီးက……အိုလူများတို့ ၊ ဘုရားသခင်နှင့် ကိုယ်တိုင်မတွေ့လိုက်ကြရ၍ဘာ ၀မ်းနည်းစရာရှိသလဲ ၊ ယခုအခါ ဓမ္မက္ခန္ဓာ ဘုရားတွေအများကြီး ရှိသေး၏ ။ ကံ ၊ ပါရမီရှိလျှင် ရလိမ့်မည်ဟူ၍သာ အေးစက်စက်နေကြလျှင် အများကြီး နစ်နာကြလိမ့်မည် ။ စာမတက်လို့ ဘာမတက်လို့ လဲမလုပ်ကြပါနှင့် ၊ ဆရာကောင်းနှင့်တွေ့လျှင် ရနိုင်ပါသည် ။ သို့အတွက် အိုလူများတို့ ၊ ယခုအခါ ကံ ပါရမီကိုမေးရန် မလိုပါ ။ ရှင်ဘုရင်သားဖြစ်ပြီး အိမ်ရှေ့မင်းသားသည် ရှင်ဘုရင်ဖြစ်ရန် ဗေဒင်မေးဖို့မလိုပါ ။မုတ်ဆိတ်ပျားစွဲသူသည် တခြားသွားပြီးပျားဖွတ်ရန်မလို ၊ ရန်သူဝိုင်းထားခံရသူသည် ထွက်ပေါက်သိလျက်နဲ့ မထွက်သော် ၊ ကံပါရမီချဖွယ်မလို ၊ အညစ်အကြေးလူးသူသည် ရေစင်ရှိလျက်မဆေးသော် ရေ၌အပြစ်ဆိုဖွယ်ရာမလို ၊ မိမိကသာဖျင်းလို့ ၊ အ လို့ န လို့ ဖြစ်သည် ။ အသေနည်းသေးတယ်လို့သာ ဆိုဖွယ်ကောင်းတော့၏ ။ ကြောက်ကြ ၊ လန့်ကြ ၊ ထိတ်ကြ ၊ အိုလူများတို့ ၊ သို့အတွက် တရားအားထုတ်ကြပါကုန်လော့ ။ ဟူ၍ မဂ်ဥာဏ် ဖိုလ်ဥာဏ်ရကြောင်းလမ်းဖြစ်သည့် ၀ိပဿနာတရားကို အားထုတ်ကြရန် အရေးတကြီး တိုက်တွန်းတော်မူခဲ့ပါသည် ။မဂ်ဥာဏ် ၊ ဖိုလ်ဥာဏ်ရဖို့ အားထုတ်ခြင်းမှာ ရလာသော လူ့ဘ၀မှ အနှစ်သာရထုတ်ခြင်းတစ်ခုပင် ဖြစ်၏ ။ ထိုကဲ့သို့ အနှစ်သာရ ထုတ်ချင်လာဖို့ရန် ရှေးဦးစွာ လူ့ဘ၀တန်ဖိုး ၊ ဗုဒ္ဓဘာသာဖြစ်ရခြင်း၏ တန်ဖိုးတို့ကို သိရန်လိုအပ်ပါသည် ။
(အရှင်ဇ၀န)
ဆန္ဒ၀တီပြည်တွင်မိအို၊ဖအိုတို့ကိုပြုစုလုပ်ကျွေးနေသောအမျိုးကောင်းသားတစ်ဦးရှိသည်။ ထိုအမျိုးကောင်းသားသည် တစ်နေ့သောအခါပဒုမုတ္တရမြတ်စွာဘုရား၏ လက်ယာတော်ရံ အဂ္ဂသာဝက အရှင်နိဿာမထေရ်ထံသို့ ရိုသေစွာ သွားရောက်ကာ ॥ ॥"ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမံ္မသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ " ဟု ရွတ်ဆို၍ သရဏဂုံဆောက်တည်၏။ထိုအမျိုးသားကောင်းသည်အနှစ်တစ်သိန်းကာလပတ်လုံးသရဏဂုံကို ထိန်းသိမ်းဆောက်တည်ခဲ့၏။ ထိုဆောက်တည်ခဲ့သော အကျိုးကြောင့် သေလွန်သောအခါ နတ်ပြည်သို့ ရောက်၍ (၈)ပါးသော အကျိုးတို့ကို ခံစားရ၏။ ထိုအကျိုး (၈)ပါးတို့မှာ-(၁)နေရာမရွေး အပူဇော်ခံရခြင်း။(၂)ဥာဏ်ပညာ လွန်စွာထက်မြက်ခြင်း။(၃)များစွာသော စည်းစိမ်းချမ်းသာ ရှိခြင်း။(၄)အားလုံး၏ ကြည်ညိုချစ်ခင်မှုကို ခံရခြင်း။(၅)အသားအရောင်ရွှေအဆင်းကဲ့သို့တောက်ပခြင်း။(၆)အရာရာ မိမိအလိုကျဖြစ်ခြင်း။(၇)မိတ်ပျက်ခြင်းမရှိ၊မိတ်ဆွေပေါခြင်း။(၈)ဂုဏ်သတင်းမွှေးပျံ့ကျော်စောခြင်း တို့ဖြစ်သည်။ထိုဘဝမှစုတေပြီးသောအခါသိကြားမင်းအဖြစ်အကြိမ်(၈၀)၊စကြာမင်းအဖြစ်(၇၅)ကြိမ်၊ ပဒေသရာဇ်မင်းအဖြစ် မရေမတွက်နိုင်အောင် ဖြစ်ခဲ့သည်။ နောက်ဆုံး ဂေါတမ မြတ်စွာဘုရားလက်ထက်တွင် သာဝတ္တိပြည်၌ ချမ်းသာကြွယ်ဝသော သူဌေးအိမ်တွင် လူအဖြစ် ရရှိခဲ့သည်။ ထို့နောက် (၇)နှစ်သားအရွယ်၌ ရဟန္တာတစ်ပါးထံ သရဏဂုံ ဆောက်တည်စဉ် မိမိကမ္ဘာတစ်သိန်းက ဆောက်တည်ခဲ့သော သရဏဂုံကို သတိရပြီးပီတိသဒ္ဓါဖြစ်ကာဝိပဿနာဥာဏ်စဉ်ရ၍ရဟန္တာအဖြစ်သို့ ရောက်ရှိလေသည်။ဂေါတမမြတ်စွာဘုရားသည်ထိုသူငယ်ကိုခေါ်၍ရဟန်းပြုပေးတော်မူသည်။ သရဏဂုံတည်ခြင်း အကျိုးကြောင့် ရဟန္တာဖြစ်ခြင်းကို အကြောင်း ပြု၍ ထိုရဟန္တာအရှင်ကို "တိသရဏဂမနိယထေရ်" ဟု ဘွဲ့မည်ပေးခဲ့သည်။(အပဒါနပါဠိ၊ ပ-၃၊ သု ဘူတိဝဂ်။)
၁။အရဟံ -ကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရား။
ပူဇော်အထူးကိုခံယူတော်မူထိုက်သောမြတ်စွာဘုရား။
မကောင်းမှုကိုစိတ်ကွယ်ရာအရပ်တွင်ပင်ပြုတော်မမူသောမြတ်စွာဘုရား။
၂။သမ္မာသမ္ဗုဒ္ဓေါ-သိစရာအားလုံးတို့ကိုအမှန်အတိုင်းကိုယ်ပိုင်ဥာဏ်ဖြင့်သိတော်မူသောမြတ်စွာဘုရား။
၃။၊၀ိဇ္ဇာစရဏသမ္ပန္နော-အသိဥာဏ်ရောအကျင့်ပါပြည့်စုံတော်မူသောမြတ်စွာဘုရား။
၎။သုဂတော-ကောင်းသောစကားကိုဆိုတော်မူတတ်သောမြတ်စွာဘုရား။
၅။လောက၀ိဒူ-သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောက ၊လောကသုံးပါးကိုသိတော်မူသောမြတ်စွာဘုရား။
၆။အနုတ္တရောပူရိသဓမ္မသာရထိ-ဆုံးမထိုက်သောသတ္တ၀ါတို့ကိုအတုမရှိဆုံးမတော်မူတတ်သောမြတ်စွာဘုရား။
၇။သတ္ထာဒေ၀မနုဿာနံ- နတ်လူသတ္တ၀ါအားလုံးတို့၏ပူဇော်အထူးကိုခံယူတော်မူထိုက်သောမြတ်စွာဘုရား။
၈။ဗုဒ္ဓေါ-သစ္စာလေးပါးကိုကိုယ်တိုင်လည်းသိတော်မူ သူတစ်ပါးကိုလည်းသိအောင် ဟောတော်မူတတ်သော မြတ်စွာဘုရား။
၉။ဘဂ၀ါ-ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား။
(၁) ဘုရား တရား သံဃာ သံရဏဂုံသုံးပါး စွဲမြဲသော ပုဂ္ဂိုလ်။
(၂) ငါးပါးသီလမြဲသော ပုဂ္ဂိုလ်။
(၃) အာရုံဆွမ်း နေဆွမ်း နေ့စဉ် လှူဒါန်းသော ပုဂ္ဂိုလ်။
(၄) စာရေးတံမဲ လှူဒါန်းသော ပုဂ္ဂိုလ်။
(၅) ၀ါဆိုသင်္ကန်းလှူဒါန်းသော ပုဂ္ဂိုလ်။
(၆) ရေတွင်းရေကန် လှူဒါန်းသော ပုဂ္ဂိုလ်။
(၇) ကျောင်းဆောင်လှူဒါန်းသော ပုဂ္ဂိုလ်။
- အနှိုင်းမဲ့လာဘ်-ကျန်းမာခြင်း။
- အနှိုင်းမဲ့မီး-ရာဂမီး(သို့)အချစ်မီး။
- အနှိုင်းမဲ့ဥစ္စာ-တင်းတိမ်ရောင့်ရဲခြင်း။
- အနှိုင်းမဲ့အပြစ်-ဒေါသအပြစ်။
- အနှိုင်းမဲ့ဆွေမျိုး-အကျွမ်းဝင်တဲ့ပုဂ္ဂိုလ်။
- အနှိုင်းမဲ့ရောဂါ-ဆာလောင်မွတ်သိပ်ခြင်းရောဂါ။
- အနှိုင်းမဲ့ချမ်းသာ-နိဗ္ဗာန်ချမ်းသာ။
- အနှိုင်းမဲ့ဆင်းရဲ-ခန္ဓာဝန်ထမ်းရခြင်းဆင်းရဲ။
- အနှိုင်းမဲ့လမ်း-မဂ္ဂင်ရှစ်ပါးလမ်း(သို့ )သတိပဌာန်လမ်း။
- အနှိုင်းမဲ့ပိုက်ကွန်-မောဟပိုက်ကွန်။
၁။ ခန္ဓာ၏သဘောကို မသိခြင်းကြောင့် ဒိဋ္ဌိဖြစ်သည်။
၂။အ၀ိဇ္ဇာကြောင့်လည်း ဒိဋ္ဌိဖြစ်သည်။
၃။ ဖဿကြောင့်လည်း ဒိဋ္ဌိဖြစ်သည်။ (ဖဿ=ထိတွေ့မှု)
၎။ သညာအမှတ်မှားလို့လည်း ဒိဋ္ဌိဖြစ်သည်။
၅။ ၀ိတက်ကြောင့်လည်း ဒိဋ္ဌိဖြစ်သည်။ (၀ိတက်=အတွေးအကြံ)
၆။ နှလုံးသွင်းမှားသောကြောင့်လည်း ဒိဋ္ဌိဖြစ်သည်။
၇။ မိတ်ဆွေမှားနှင့် ပေါင်းသင်းမိ၍လည်း ဒိဋ္ဌိဖြစ်သည်။
၈။ မှားယွင်းသောတရားကို နာရသောကြာင့်လည်း ဒိဋ္ဌိဖြစ်သည်။
ဒိဋ္ဌိ (၃)မျိုး
ဒိဋ္ဌိသည် သမ္မာဒိဋ္ဌိ နှင့် မိစ္ဆာဒိဋ္ဌိ ဟူ၍နှစ်မျိုးရှိသည်။
သမ္မာ=မှန်ကန်သော၊ ဒိဋ္ဌိ=အမြင်၊ မိစ္ဆာ=မှားယွင်းသော၊ ဒိဋ္ဌိ=အမြင် ဟူ၍ ဖွင့်ဆိုထားပါသည်။
မြတ်စွာဘုရားရှင်ကမိစ္ဆာဒိဋ္ဌိ အမျိုးအစား(၆၂)ပါးရှိသည်ဟုဟောကြားခဲ့ပါသည်။ယင်း(၆၂)ပါးကိုအကျဉ်းချုံးလိုက်လျှင်သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိ (၃)မျိုးရှိပါသည်။
၁။ သဿတဒိဋ္ဌိ =ခိုင်သည်မြဲသည်ဟု ယူဆသော ဒိဋ္ဌိ။
၂၊ ဥစ္ဆေဒဒိဋ္ဌိ = ပျက်စီးပြီးလျှင် လုံးဝ ပြတ်သည်ဟု ယူဆသော ဒိဋ္ဌိ။
၃။ သက္ကာယဒိဋ္ဌိ = အစစ်အမှန် ရှိသော သက္ကာယ (ခန္ဓာငါးပါး)အပေါ်၌ အစစ်အမှန်မရှိသော ပညတ်များတင်စား၍ ထင်မှားနေသော ဒိဋ္ဌိ။
ပရိတ်ရွတ်ဖတ်မည့်သူ ပြည့်စုံရမည့်အချက်များ
(၁) ပရိတ်တော်ကို ရိုသေလေးစားသည့် အနေအထားရှိခြင်း။
(၂) ပရိတ်တော်၏ အနက်အဓိပ္ပါယ်ကို သိရှိနားလည်ခြင်း။
(၃) ပရိတ်တရားတော်၌ ယုံကြည်မှု အပြည့်အ၀ရှိခြင်း။
(၄) လာဘ်လာဘကို မငဲ့ကွက်၊ မမျှော်လင့်ခြင်း။
(၅) ပရိတ်တရားတော် နာယူသူတို့ အပေါ်၌ သန့် ရှင်းသော မေတ္တာစိတ်၊ သနားစိတ်၊ ကရုဏာစိတ် ရှိခြင်း။
(၆) အသံထွက်၍ ရွတ်ဆိုခြင်း။
(၇) ပုဒ်ပါဌ် အက္ခရာ ပီသမှန်ကန်အောင် ရွတ်ဆိုခြင်း။
ပရိတ်နာယူသူများ ပြည့်စုံရမည့်အချက်များ
(၁) ပရိတ်တော်ကို ထက်သန်သော သဒ္ဓါတရားယုံကြည်မှု အပြည့်အ၀ဖြင့် ရိုသေလေးစားစွာ နာယူခြင်း။
(၂) အမိအဖကို သတ်ခြင်း စသော ကြီးစွားသော ပဉ္စနန္တရိယကံကြီး ငါးပါးမှ လွတ်ကင်းသူဖြစ်ခြင်း။
(၃) ဖောက်ပြန်စွဲလမ်းသော နိယတ မိစ္ဆာဒိဋ္ဌိ အယူ မရှိသူဖြစ်ခြင်း။
၁။ ဒါနပါရမီ= ပေးလှူခြင်း ။
၂။ သီလပါရမီ= ကိုယ်နှုတ်စောင့်ထိန်းခြင်း ။
၃။ နေက္ခမ္မပါရမီ= ကိလေသာတောမှထွက်ခြင်း ။
၎။ ပညာပါရမီ= အကြောင်းအကျိုး ဆင်ခြင်ထိုးထွင်းသိခြင်း ။
၅။ ၀ီရိယပါရမီ= အားစိုက်ကြိုးစား လုံ့လရှိခြင်း ။
၆။ ခန္တီပါရမီ= သည်းခံခြင်း ။
၇။ သစ္စာပါရမီ= ဖြောင့်မတ်/မှန်ကန်ခြင်း ။
၈။ အဓိဋ္ဌာန်ပါရမီ= အဓိဋ္ဌာန်တည်ဆောက်ခြင်း၊ ပြတ်သားသောဆန္ဒ ။
၉။ မေတ္တာပါရမီ= စင်ကြယ်သောချစ်ခြင်း ။
၁၀။ ဥပေက္ခာပါရမီ= လစ်လျူရှုခြင်း/အသင့်အားဖြင့် ။
၁။ဟေတုပစ္စယော-အကုသိုလ်ကင်း၍ ကုသိုလ်နှင့်ယှဉ်တွဲရပါစေသား။
၃။ အဓိပတိပစ္စယော-ရုပ်နှင့်နာမ်နှစ်ပါးကိုစောင့်ရှောက်ထိန်းသိမ်းနိုင်ရပါစေသား။
၎။အနန္တရပစ္စယော-များလှစွာသော ကုသိုလ်တရားများကို မျက်မှောက်ပြုရပါစေသား။
၅။သမနန္တရပစ္စယော-ရုပ်နှင့်နာမ်အတူရှိသော တရားတို့ ကို မျက်မှောက်ပြုရပါစေသား။
၆။သဟဇာတပစ္စယော-ရုပ် ရုပ်ခြင်း ၊ နာမ် နာမ်ခြင်း၊ ထင်ရှားစွာ သိရပါစေသား။
၇။အညမညပစ္စယော-ရုပ်မှနာမ်သို့ ၊ နာမ်မှရုပ်သို့ ပြောင်းလဲ၍ သိရပါစေသား။
၈။နိဿယပစ္စယော-ရုပ်နာမ်နှစ်ပါးတို့ ၏တည်ရာကို သိရပါစေသား။
၉။ဥပနိဿယပစ္စယော-ရတနာသုံးပါးကို ဦးထိပ်ထားရပါစေသား။
၁၀။ပုရေဇာတပစ္စယော-ရှေ့ ကဖြစ်သောအကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား။
၁၁။ပစ္ဆာဇာတပစ္စယော-နောက်၌်ဖြစ်သောကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား။
၁၂။အာသေ၀နပစ္စယော-လိုအင်ဆန္ဒမရှိအောင်ပြည့်စုံရပါစေသား။
၁၃။ကမ္မပစ္စယော-ကံသုံးပါးကို ထိန်းသိမ်းနိုင်ရပါစေသား။
၁၄။ဝိပါကပစ္စယော-ဝဋ်ကြွေးသုံးသွယ်ကို ပယ်ဖျက်ရပါစေသား။
၁၅။အာဟာရပစ္စယော-လိုရာ ဆန္ဒ ပြည့်စုံစွာ ထောက်ပံ့နိုင်ကြပါစေသား။
၁၆။ဣန္ဒြိယပစ္စယော-နာမ်ရုပ်ကို ထိန်းသိမ်းတတ်သော ပညာနှင့် ပြည့်စုံရပါစေသား။
၁၇။ဈာနပစ္စယော-သူတော်ကောင်းတရား(၇)ပါးနှင့်၊ ဥာဏ်စဉ်(၅) ပါးတို့ နှင့် ပြည့်စုံရပါစေသား။
၁၈။မဂ္ဂပစ္စယော-ဘာဝနာ(၂ ) ပါးအပေါင်းကို အာရုံပြု၍ အထွတ်အထိပ်ပညာကို ရပါစေသား။
၁၉။သမ္ပယုတ္တပစ္စယော-သူတော်ကောင်းတို့ နှင့်ပေါင်း၍ (၇ )ဖြာသောတရားနှင့် ယှဉ်တွဲရပါစေသား။
၂၀။ဝိပ္ပယုတ္တပစ္စယော-သူယုတ်မာနှင့်ဝေး၍ အကုသိုလ်နှင့် ကင်းရှင်းရပါစေသား။
၂၁။အတ္ထိပစ္စယော-သမုတိနယ်၏ အရှိကို ဟုတ်မှန်စွာ သိရပါစေသား။
၂၂။နတ္ထိပစ္စယော-ပရမတ္ထ္တမရှိတရား၏ အသိကိုမျက်မှောက်ပြုရပါစေသား။
၂၃။ဝိဂတပစ္စယော-ရှေ့ ၌ ပွင့်ကုန်ပြီးဖြစ်သော ဘုရားတို့ ကိုရှိခိုးပါရစေသား။
၂၄။အ၀ိဂတပစ္စယောတိ-ပွင့်လတ္တံ့ သောဘုရားတို့ ကို ရှိခိုးပါရစေသား။
*လောဘ
*ဆုံးမစာ
*၀ဋ် အမြဲ ငရဲ အပ
*ကံ
*မိတ်ဆွေတု၊ မိတ်ဆွေစစ်
*ကိုးကွယ်ရာ ရတနာသုံးပါး
*ဘ၀ဆိုတဲ့ နေအိမ်
*အနေတတ်မှ အသေမြတ်မယ်
*ကိလေသာ(၁၀)ပါး
*ဓမ္မကဗျာ
*ပရိတ်တော်ရွတ်ချိန်ကာလ
*နေထိုင်တတ်ပါစေ
*နှလုံးလှ ဆုံးမစာ
*ဖတ်ရှုရန်တရားတော်များ
*ထေရ၀ါဒ
*သိကောင်းစရာများ
*မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဆုံးမ သြဝါဒများ
*ဗုဒ္ဓဘာသာ ငါးမျိုး
*ဗုဒ္ဓနှင့်ဆိုင်သောနေ့များ
*ပဋိစ္စသမုပ္ပါဒ်အင်္ဂါ (၁၂) ပါး
*သတိတရား လူတိုင်းထား
*ဘာသာ သာသနာကိုသိပါလေ
*စိတ်ကူးကောင်းမှ ဓါတ်ကူးကောင်းမယ်
*ငါအိုသွားသောအခါ
*အချိန်ကို အသုံးချနည်း
*ဗုဒ္ဓဆုံးမစာများ
*စိတ်အင်အား
*ခင်ပွန်းကြီးဆယ်ပါး
*ပန်းတိုင်
*သရဏဂုံတည်ခြင်းအကျိုး
*ဘုရားဂုဏ်တော်ကိုးပါး
*ငရဲမကျနိုင်သောကုသိုလ်
*အနှိုင်းမဲ့ 
*အသေမဦးမီ ဥာဏ်ဦးပြီး ငြိမ်းချမ်းရာ အမှန်ကို ရှာတွေ့ နိုင်ပါစေ။
*ဒိဋ္ဌိဖြစ်ခြင်းအကြောင်း(၈)ပါး
*မင်္ဂလာပါ
*ပါရမီ (၁၀)ပါး
*ပဌာန်း ၂၄ ပစ္စည်း
*ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု
ဗုဒ္ဓသာသနံ-သစ္စာလေးပါးမြတ်တရားကိုထင်ရှားပိုင်ပိုင် ကိုယ်တိုင်သိငြား သူတစ်ပါးလည်းသိကြားစေသော်ဘုရားမြတ်၏ သုံးရပ်မှန်စွာ အဆုံးအမသာသနာတော်ကြီးသည်
စိရံ-နှစ်ပေါင်းများမြောင်ငါးထောင်ကျော်ကာရှည်မြင့်ကြာအောင်၊
တိဋ္ဌတု-တက်သစ်နေ၀န်းထွန်းသစ်လဆန်း ပွင့်သစ်ပန်းလန်းဆန်းဝေဆာ တည်တံ့တော်မူပါစေသတည်း။
“စောင့်လေမျိုးနွယ် လူတိုင်းဝယ်”
ထေရ၀ါဒဗုဒ္ဓဘာသာနှင့် မကိုက်ညီသော ကျင့်ထုံးများကို ကျင့်သုံး၍ နေမိပါက
မိမိသည်ပင်လျှင် သာသနာ ကွယ်ပျောက်အောင်ဖန်တီးနေသူတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်နေတတ်ပါသည်။
အရှင်ဇ၀န (မေတ္တာရှင်)
ကျွန်တော့ဘလော့ထဲမှ အချို့  ပို့ စ် များသည် သူငယ်ချင်းဘလော့များ၊ အခြားဘလော့များမှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ သူငယ်ချင်းများထံမှ လိုက်နာသင့်သော ပို့ စ်များကို ပြန်လှည်ဖြန့် ဝေခြင်းဖြစ်ပါသဖြင့် အမှားပါခဲ့ သည်ဖြစ်စေ၊ ခွင့်မတောင်းမိခဲ့ သည်ဖြစ်စေ..........တောင်းပန်ပါသည်။ ကိုငယ့် ဘလော့များထဲမှ ပြန်လည်ဖော်ပြချင်သော စာသားများ၊ ပို့ စ်များကိုလည်း လိုအပ်ပါက ပြန်လည်ဖြန့် ဝေ၍ ကုသိုလ်ပြုနိုင်ပါသည်။
လေးစားလျှက် ..............ကိုငယ်
'သတိပေးချက်'
'အစားကြွေးပြီး ကုသိုလ်ယူပါ'
'တရားတော်များ'
'နားဆင်ဖို့ '

'စကားလက်ဆောင်'
'email ဖြင့်ဖတ်ရှုနိုင်ပါသည်'
'ကျွန်တော်'
'ရေးခဲ့ သမျှ'
Blog Archive
-
▼
2009
(52)
-
▼
July
(45)
- "ကုသိုလ်စိတ်"
- "လောဘ"
- "ဆုံးမစာ"
- "၀ဋ် အမြဲ ငရဲ အပ"
- "ကံ"
- "မိတ်ဆွေတု၊ မိတ်ဆွေစစ်"
- "ကိုးကွယ်ရာ ရတနာသုံးပါး"
- ''ဘ၀ဆိုတဲ့ နေအိမ်''
- ''အနေတတ်မှ အသေမြတ်မယ်''
- "ကိလေသာ(၁၀)ပါး"
- "ဓမ္မကဗျာ"
- "ပရိတ်တော်ရွတ်ချိန်ကာလ"
- "နေထိုင်တတ်ပါစေ"
- "နှလုံးလှ ဆုံးမစာ"
- ''ဖတ်ရှုရန်တရားတော်များ''
- "ထေရ၀ါဒ"
- ''သိကောင်းစရာများ''
- ''မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဆုံးမ သြဝါဒများ''
- ''ဗုဒ္ဓဘာသာ ငါးမျိုး''
- ''ဗုဒ္ဓနှင့်ဆိုင်သောနေ့များ''
- ''ပဋိစ္စသမုပ္ပါဒ်အင်္ဂါ (၁၂) ပါး''
- ''သတိတရား လူတိုင်းထား''
- “ဘာသာ သာသနာကို သိပါလေ”
- ''စိတ်ကူးကောင်းမှ ဓာတ်ကောင်းကူးမယ်''
- ''ငါအိုသွားသောအခါ''
- ''အချိန်ကို အကျိုးရှိအောင် အသုံးချရန် နည်းလမ်း (၄)...
- ''ဗုဒ္ဓဆုံးမစာများ''
- ''စိတ်အင်အား''
- ''ခင်ပွန်းကြီးဆယ်ပါး ဘုရားရှိခိုး''
- ''ပန်းတိုင်''
- ''သရဏဂုံတည်ခြင်းအကျိုး''
- '' ဘုရားဂုဏ်တော်ကိုးပါး''
- ''ငရဲမကျနိုင်သော ကုသိုလ်(၇)မျိုး''
- ''အနှိုင်းမဲ့''
- ''အသေမဦးမီ ဥာဏ်ဦးပြီး ငြိမ်းချမ်းရာ အမှန်ကို ရှာ...
- ''ဒိဋ္ဌိဖြစ်ခြင်းအကြောင်း(၈)ပါး''
- ''မင်္ဂလာပါ''
- ''ပါရမီ (၁၀)ပါး''
- ''ပဌာန်း ၂၄ ပစ္စည်း''
- ''ဖတ်ရှုရန်''
- ''ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု''
- ''ပန်ကြားချက်''
- ''ဗုဒ္ဓတရားတော်များ''
- ''ဘုရားပုံတော်များ''
- ''ဆက်သွယ်ရန်''
-
▼
July
(45)